ရောမမှ ပုဂံသို့

ရောမ ရောက်သွားတော့
ရောမသားတွေလို ပီဇာစား
လမ်းကြိုလမ်းကြားတွေ လျှောက်
ကျောက်တိုင်ကြီးတွေအောက် ငေးမော
ရောမအပျိုချောတွေကို အတွေ့
လောကကြီးကို မေ့ခဲ့ပါရဲ့။

အီတလီပျိုဖြူ ရောမသူတွေက
ပျူပျူငှါငှါ တို့ရွှေဗမာတွေနဲ့
မကွာလှပါကလား
ချစ်စရာ ကဗျာတပုဒ်လိုပဲပေါ့ ။

နေခြည်ဖြာဖြာနဲ့
အီတလီသာသာယာယာမှာ
ရာဇဝင်မြောက် စာတင်လောက်တဲ့
အဆောက်အအုံတွေ အံ့မဆုံး
ငါ့နှလုံး ဖမ်းစား
ပုဂံသားစိတ် ဈာန်ဝင်
အရိန္ဒမာလှံ တပြင်ပြင်နဲ့
မြင်းစိုင်းလို့ နှင်ချင်ငဲ့ ။

ရောမက ပုဂံ
ငါ့အိမ်ကို ပြန်ချင်ပေါ့ ။

ဆရာတင်မိုး ၂၃-၂-၂၀၀၅ နေ့စွဲနဲ့ ရေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။

ဆရာ့ကဗျာကခေါ်သွားတဲ့ အီတလီကို ကျွန်တော် နှစ်ခေါက်ရောက်တယ်။ ရောမကို မရောက်ခဲ့ရပါ။ ပီဇာတာဝါကို မရောက်ပေမဲ့ ပီဇာနဲ့ စပါဂတီ စားပါတယ်။ အမေရိကကို အရင်ကလေးခေါက်ရောက်ပေမဲ့ လေဘာတီဆီ မရောက်ခဲ့ပါ။ ပြည်တော်အပြန် ပုဂံလည်းရောက်တယ်။ အရိန္ဒမာလှံထောက်တယ်ဆိုတဲ့ မန္တလေးတောင်ကိုလည်း တက်ခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ