ဆရာတို့မိသားစုကို ချစ်ကြတယ်

အခုပဲ ဆရာရဲ့ အိမ်ရှေ့ရောက်နေတယ် NLD ရုံးနဲ့လည်းကပ်လို့။ ပုလဲကိုရောက်တော့ ဆရာရဲ့အိမ်ကိုလိုက်ရှာတယ်။ ပုလဲကလူတွေ ညွှန်ပြကြတယ်။ အခု ဘယ်သူမှ မနေဘူးနော်တဲ့။ ဟုတ်ကဲ့ သိပါတယ်လို့။ ပုလဲမရောက်ခင် ကျားတက်ကို ပုလဲမှတ်ပြီး ဆရာအိမ်မေးတော့ လိုသေတယ် ၇ မိုင် ၈ မိုင်လောက်တဲ့ လိုက်ပို့ပေးမယ်တဲ့။ အားနာလို့ နေပါစေ ပြောခဲ့ရတယ်။ ဆရာတို့မိသားစုကို ချစ်ကြတယ် ဂန့်ဂေါဖက်သို့ အထွက် ညာဘက်မှာရှိတဲ့ ယာဉ်ယန္တရားနယ်ထဲက ဆိုင်လေးမှာ ဝင်နားခဲ့တယ်။ ဆရာတို့ မိသားစု ပြန်လာသေးတယ်တဲ့။ ကျွန်တော်ကတော့ ဆရာ့ကို အမြဲလာနေစေချင်တာလို့ ပြောလိုက်တယ်။

ကျေးဇူး။ နေကောင်းပါစေ။ ကျောက်ပန်းတောင်း လက်ဖက်ရည်ဆိုင်မှာ ဆရာစောယုစိန်နဲ့အတူ ထိုင်ခဲ့သေးတယ်။ လက်ဆောင်တွေလည်းရခဲ့တယ်။

ချင်းတွင်းမြစ်အနောက်ဖက်က ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကျားတက်၊ မြိုင်၊ ရေစကြို၊ ဂန့်ဂေါ စတဲ့နယ်တွေမှာ နေထိုင်၊ သွားလာ၊ လုပ်ကိုင်ခဲ့လို့ အသိတွေ ချစ်ခင်သူတွေများပါတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး