အနန္တသူရိယ အမျက်ဖြေလင်္ကာ

သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ တသက်လျက်တည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လွှဲတတ်သည်၊ မချွတ်စသာ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။

တယောက်သူမှာကို သူတယောက်မှာလို့ မှားတတ်ကြတယ်။ ခန္ဓာကိုလည်း အဆင့်စာလုံးမှားတတ်ကြတယ်။ လျှင်မှာ ဟထိုးကျန်နေတတ်ကြတယ်။ ရှိခိုးကို ရှစ်ခိုးလို့ မှားရေးသူတွေရှိတယ်။

သူတည်းတစ်ယောက်တို့ တစ်ယောက်သူမှာ၊ တစ်သက်လျာတည်းတွေထက်တော့ တော်သေးတယ်။

အနန္တသူရိယကို ဆရာလုပ်သူတွေ တရားသံဝေဂ ရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ