Pills Question ကိုယ်ဝန်တားဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်

ဆရာရှင့် ကိုယ်ဝန်တားဆေးများကို ဆေးကဒ်နောက်ကျောပါနံပါတ်စဉ်အတိုင်းမသောက်ဘဲ ရပါသလားရှင့်
တနေ့တလုံး ၂၁လုံးပြည့်အောင်သောက်သွားရင် ရပါသလားရှင့်

ဆေးသောက်နေသူ အသက် မသိ။ ရာသီ မသိ။

ဒီမေးခွန်းကို ခဏခဏ (ခဏခဏ) ဖြေတာတွေကို တင်ထားပြီး။

ကိုယ်ဝန်တားဆေးတွေမှာ အရောင်တူရင် ဆေးတူတယ်။ နံပတ်တွေ၊ မြားတွေ (မျှား မဟုတ်)၊ တနင်္ဂနွေ တနင်္လာတွေက ဆေးသောက်သူ မှတ်ရတာလွယ်စေအောင် လုပ်ပေးထားတာသာဖြစ်တယ်။

၂၈ လုံးပါတာဖြစ်ဖြစ် ၂၁ လုံးပါတာဖြစ်ဖြစ် တနေ့တလုံးသာဆေးအရောင်တူတာကို မှန်မှန်သောက်ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး