စိန် နှင့် စိမ်

ဆရာခင်ဗျား စိန် နဲ့ စိမ် စာအသုံးသိချင်ပါတယ်ခင်ဗျာ။ စိန်‌‌ခေါ် - စိမ်‌‌ခေါ် စိန်‌‌ပြေးတမ်း - စိမ်‌‌ပြေးတမ်း

စာနဲ့ မရေးရသေးပါ။

စိမ်
စည်းစိမ်
စိမ်ပြေနပြေ
စိမ်ရေ
စိမ်ရေသင့်သည်
ရေစိမ်ကျွဲ
ဆားခါးရေထဲမှာ ၅ မိနစ်ကြာ စိမ်ထားပါ

စိန်
ငစိန်စပါး
ငစိန်ဆန်
စိန်တံချူ
စိန်တပေါ်ပင်
စိန်နီမြင်းသွား
စိန်ပန်းပင်
စိန်ဖူးတော်
စိန်ခြယ်ပန်း
စိန်သခွါး
စိန်ကျောက်
စိန်ခေါ်သည်
စိန်ထောင် (ဗိသုကာ)
စိန်ပေါက်သည်
စိန်ပြေးတမ်း
စိန်ပြောင်း
စိန္နဘော်ပင်
စိန္တာမဏိဂါထာ
ဗညားစိန်
မစိန်တင်
ဝဇီစိန်
အင်းစိန်
အမြောက်စိန်ပြောင်း
မောင်ဘိုးစိန်
ဝေဘူစိန်

မိုး၊ မိုး၊ မိုးလားမောင်ရို့။ လေ၊ လေ၊ လေလားမောင်ရို့။
စိန်၊ စိန်၊ စိန်လားမောင်ရို့။ မြ၊ မြ၊ မြလားမောင်ရို့။
မိုးလားဟေ့၊ လေလားဟေ့၊ စိန်လားဟေ့၊ မြလားဟေ့၊ ဟေလာမောင်ရို့ဝါး။ (မြန်မာ့ရိုးရာ သံချပ်)

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ