Scan younger women at risk of breast cancer

ရင်သားကင်ဆာ အန္တရာယ်ရှိနိုင်သူများ အသက်ငယ်ငယ်နဲ့ စစ်ဆေးသင့်

ကနေ့ထွက်တဲ့ ယူကေကလာတဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ အန္တရာယ်ရှိနိုင်သူများဆိုတာ မိသားစုအတွင်းမှာ ရင်သားကင်ဆာဖြစ်ထားသူကိုဆိုလိုတယ်။ လက်ရှိလမ်းညွှန်ကတော့ အဲလိုအမျိုးသမီးတွေကို အသက် ၄ဝ ကနေ စပြီး စစ်ခိုင်းပါတယ်။ စဉ်းစားနေတာက အသက် ၃၅ နဲ့ ၃၉ နှစ်တွေကိုပါ စစ်စေဖို့ဖြစ်ပါတယ်။

အဲလိုစဉ်းစားချက်ရစေဘို့ အမျိုးသမီးပေါင်း ၂၈၉၉ ယောက်ကို စမ်းသပ်ခဲ့တယ်။

နှစ်စဉ် Mammograms မင်မိုဂရမ်ရိုက်တယ်။ BRCA သို့မဟုတ် TP53 genes မူမမှန်သူတွေကို MRI scans လုပ်နည်းကို အသုံးပြုတယ်။

သူတို့ဆီမှာ အသက် ၅၀ ပြည့်သူတွေကို ၇၁ နှစ်အရွယ်အထိ နှစ်စဉ်စစ်ဆေးတယ်။ ၄၇ နှစ်ကနေ ၇၃ နှစ်ကိုပြင်မလား စဉ်းစားနေတယ်။

ယူကေနိုင်ငံမှာ နှစ်စဉ်ရင်သားကင်ဆာလူနာသစ်ပေါင်း ၅၅၀၀၀ ယောက်တွေ့ရပြီး၊ ၁၁၅၀၀ ယောက် သေဆုံးကြတယ်။ ၅% ကနေ ၁၅% တို့မှာ မိသားစုရာဇဝင်ရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး