JE vaccine question ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး

မင်္ဂလာပါ ဆရာရှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိချင်လို့ပါဆရာ ဆေးက ဘယ်နှစ်ကြိမ် ထိုးရပါလဲရှင့်။ 2017 dec မှာ အစိုးရက ထိုးပေးလို့ အဲ့ဒီတုန်းက ထိုးထားပါတယ်ရှင့်။ တနှစ်ကြာရင် ဒု ကြိမ်ပြန်ထိုးရတယ် ကြားလို့ ပြန်လည်ဖြေကြားပေးပါအုံးရှင့်။ ကလေးက အခု 2 yrs 5 months ပါရှင့်

Japanese encephalitis (JE) vaccine ခေါ် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ယူအက်စ်မှာ ၂၀၁၃ ခုနှစ်ကစပြီး ကလေး ၂ လကနေ ၁၆ နှစ်အတွင်းထိုးပေးတယ်။ ၂ ကြိမ်ထိုးတယ်။ ၂၈ ရက်ခြားထိုးတယ်။ ခရီးသွားမဲ့သူတွေဆိုရင် ခရီးမထွက်မီ တပတ်စောပြီး ဆေး ၂ ကြိမ်ထိုးပြီးဖြစ်ရမယ်။

တချို့နိုင်ငံမှာ Live attenuated vaccine (SA 14-14-2 strain) အမျိုးအစားကာကွယ်ဆေးကို အသက် ၈ လ ကလေးတွေကိုထိုးတယ်။ ၂ နှစ်မှာဘူစတာဒို့စ် ခေါ် ထပ်ထိုး ထိုးတယ်။ တချို့နေရာတွေမှာ ၆-၇ နှစ်အရွယ် ထပ်ထိုးစေတယ်။

Inactivated, Vero cell-derived, alum-adjuvanted vaccine (SA 14- 14-2 strain) အမျိုးအစားကာကွယ်ဆေးကို အသက် ၄ ပတ်ခြား ၂ကြိမ်ထိုးတယ်။

မြန်မာနိုင်ငံမှာ အစိုးရကျန်မာရေးဌာနက သတ်မှတ်ချက်အရ ထိုးတယ်။ အသက် ၉ လကနေ ၅ နှစ်ကလေးတွေကို ၂၀၁၇ ဒီဇင်္ဘာလက စထိုးပေးတယ်။ အသက် ၅ နှစ်က ၁၅ နှစ်ကလေးတွေကို ၂၀၁၇ နိုဝင်္ဘာလကစထိုးပေးတယ်။

JE vaccine ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး https://doctortintswe.blogspot.com/2017/09/je-vaccine.html
Child Immunization Chart ကလေးကာကွယ်ဆေးထိုးဇယား https://doctortintswe.blogspot.com/2017/06/child-immunization-chart.html

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး