ဆက် နှင့် ဆတ်
ကျမအသက် ၂၄ပါ marvalon28 စသောက်တာ ၂ရက်ဘဲရှိပါသေးတယ် အန်နေလို့ပါ ဆေးတွေလည်းပါပါတယ်အန်တာ စားသမျှအစာအကုန်အန်ပါတယ် ခေါင်းလည်းကိုက်ပါတယ် ဘာဆတ်လုပ်ရမလဲရှင် ဆတ်သောက်သင့်မသောက်သင့် လမ်းညွှန်ပေးပါ
Marvelon မာဗယ်လွန် တားဆေး https://doctortintswe.blogspot.com/2014/11/marvelon_24.html
Pills Q and A တားဆေး အမေးအဖြေ https://doctortintswe.blogspot.com/2014/12/pills-q-and-1.html
ဘာဆတ်လုပ်ရမလဲ နဲ့ ဆတ်သောက်သင့် လို့ ၂ ခါရေးတယ်။ စာရိုက်လွဲတာ မဟုတ်လောက် ဆက်လို့သာ ၂ နေရာလုံးမှာ ရေးရတယ်။
ဆတ်
ကတောက်ကဆတ်ဖြစ်ကြသည်၊
ဆတ္တာသည် (ဆံ မုတ်ဆိတ် ရိတ်ဖြတ်သူ)၊
ဆတ်ဆတ်ကျဲ စွာသူ၊
ဆတ်မြား (ကြမ်းကြုတ်ခက်ထန်သည်) တို့မှာသာ သုံးရတယ်။
ဆတ်သားခြောက်၊
ဆန်ဖြုန်းဆတ်၊
တုန်ဆတ်ဆတ်နေသည်၊
ထမင်းမြုံ့ဆတ်သည်၊
နားနဲ့ဆတ်ဆတ်ကြားသည်၊
ကြွပ်ဆတ်သောမုံ့၊
မုချဆတ်ဆတ်လာမည်၊
အကဲဆတ်သည်၊
ဒေါက်တာတင့်ဆွေ

Comments
Post a Comment