Lactose free milk လက်တို့စ်ဖရီး နို့မှုန့်

မင်္ဂလာပါဆရာရှင့် ကျွန်မကလေးက ခုဆို ၁လနဲ့ ၂၁ရက်သာရှိပါသေးတယ် မွေးပြီး တပတ်ကျော်လောက်ထဲက ဝမ်းပြဿနာကြောင့် lactose free နဲ့အမေနို့မျှတိုက်နေရတာပါ lactose free ကို နို့ဘူးနဲ့တိုက်ပြီး အမေနို့ကိုတော့ ဒီအတိုင်းအမေဆီကဘဲစို့ခိုင်းပါတယ်ခု ဒီ၃/၄ရက်အတွင်း နို့ဘူးကိုမစို့ချင်ဘဲ ငြင်းနေပါတယ် အမေနို့ဘဲစို့ပါတယ်  နို့ဘူးအမျိုးအစားက philips avent ပါ စတိုက်ထဲက ဒီနို့ဘူးပါဘဲ မစို့ဘဲ အရမ်းဘဲငိုပါတယ် အမေနို့က နို့ဘူးနဲ့ မျှတိုက်နေရတော့ နို့ထွက်လည်းနည်းပါတယ် ဘယ်လိုပြန်ကျင့်ရင် အဆင်ပြေမလဲရှင့်အခုဆို နို့ဘူးလည်းမစို့ အမေနို့ကျမဝတော့ ခလေးက ကောင်းအိပ်မပျော်ဘူးဖြစ်နေလို့ပါ ဒီရက်ထဲ lactose free တိုက်တာမဝင်တော့  အမေနို့စို့များပြီး ကလေးက ဝမ်းသွားလည်းပြန်များနေလို့ပါရှင့်ဆရာ ကလေးက နို့ဘူးစို့ရတာထက်အမေနို့စို့ရတဲ့ ခံစားမှုကိုပိုကြိုက်သွားတာလား lactose free အရသာထက် အမေနို့အရသာကိုပိုကြိုက်သွားတာလား ကျွန်မစဉ်းစားမရ ဖြစ်နေပါတယ် တကယ်လို့ နို့အရသာကြောင့်သာဆို ဆိတ်နို့ကနေထုတ်တဲ့ goat milk formula နို့မှုန့် ပြောင်းတိုက်ဖို့ အဆင်ပြေနိုင် မပြေနိုင်လည်း အကြံပြုပေးစေလိုပါတယ်ဆရာရှင့်

လက်တို့စ်နဲ့ မတည့်သူ lactose-free milk အမျိုးအစား၊ soy milk ခေါ် ပဲနို့ almond milk ခေါ် မက်မွန်နို့နဲ့ rice milk ခေါ် ဆန်နို့တွေသာသင့်မယ်။ လူနို့၊ ဆိတ်နို့၊ နွားနို့၊ ကျွဲနို့တွေ မသင့်ပါ။

Lactose Intolerance လက်တို့စ် နို့လက်မခံနိုင်တဲ့ ဝမ်းပျက်ရောဂါ https://doctortintswe.blogspot.com/2014/11/lactose-intolerance.html

Lactose free milk လက်တို့စ်ဖရီး နို့မှုန့် https://doctortintswe.blogspot.com/2017/08/lactose-free-milk.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး