Famous Border Walls ကမ္ဘာမှာထင်ရှားတဲ့ တံတိုင်းကြီးများ

၁။ The Sumerians’ Amorite Wall ဆူမေးရီးယန်း တံတိုင်းကြီး
ကမ္ဘာမှာအစောဆုံး ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ ဆူမေးရီးယန်းခေတ်က ကာကွယ်ရေးအတွက် ဆောက်လုပ်ခဲ့တယ်။ ခရစ်မမွေးမီ ၂၁ ရာစုက။ မက်ဆိုပိုတေးမီးယားတွေ ဝင်မလာနိုင်အောင်ဆောက်တာ။ တိဂရစ်မြစ်နဲ့ ယူဖရိတ်မြစ်ကြီး နှစ်ခုကြားမှာဖြစ်ပါတယ်။ ဘီစီ ၂၀၀၀ လောက်မှာတော့ အာမြို့ကြီးပျက်စီးအပြီး ဆူမေးရီးယန်းယဉ်ကျေးမှုလည်း အဆုံးသတ်သွားတယ်။

၂။ The Long Walls of Athens အေသင်တံတိုင်းကြီး
ရှေးခေတ်ဂရိနိုင်ငံကြီးရဲ့မြို့တော် အေသင်မှာ ဆောက်ထားခဲ့တယ်။ စစ်ရေးအရအားနည်းချက်တွေကို ဘီစီ ၄၆၁ လောက်မှာ ပြင်ဆင်တယ်။ ဒါပေမဲ စပါတန်တွေနဲ့ဖြစ်တဲ့ ပိုလီနီးရှန်းစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရတယ်။ စပါတန်တွေက ဖျက်ဆီးပြီး အောင်ပွဲခံကြတယ်။

၃။ The Great Wall of Gorgan ဂေါ်ဂင်တံတိုင်း
မြွေနီတံတိုင်းလို့လည်း ခေါ်တယ်။ ကက်စပီယံပင်လယ်ကနေ အယ်လ်ဘုစ်တောင်အထိ ၁၂၁ မိုင်ရှည်တယ်။ လက်ရှိ အီရန်နိုင်ငံထဲမှာရှိတယ်။ အလက်ဇန်းဒါးဘုရင့်လက်ရာလို့ ယူဆခဲ့တယ်။ နောက်သုတေသနတွေအရ အေဒီ ၅ ရာစုက ဆာဆန်းနီးယန်း ပါရှန်တွေ ဆောက်တာလို့ သိလာတယ်။

၎။ Hadrian’s Wall ဟဒ်ဒရီယန်တံတိုင်း
အေဒီ ၁၂၂ မှာ အင်ပါယာ ဟဒ်ဒရီယန်က အင်္ဂလန်မြောက်ပိုင်းနဲ့ စကော့တလန်မှာ ပစ်တွေရန်ကနေကာကွယ်ဘို့ ဆောက်တယ်။ ၇၃ မိုင်ရှည်တယ်။ ၁၀ ပေကျယ်ပြီး ၁၅ ပေမြင့်တယ်။

၅။ The Great Wall of China တရပ်မဟာတံတိုင်းကြီး
တရုပ်ပြည် ဂိုဘီသဲကန္တာရကနေ မြောက်ကိုရီးယားအထိရှည်တယ်။ ဘီစီ ၃ ရာစုမှာ မိုင်းမင်းဆက် ဧကရစ်ကွင်ရှီဟွန်က တည်ဆောက်တယ်။ ဒါပေမဲ့ ထင်ရှားတဲ့အစိတ်အပိုင်းတွေကိုတော့ ၁၄ နဲ့ ၁၇ ရာစုမှာဆောက်ပါတယ်။ မွန်ဂိုဘုရင် အယ်လ်တန်ခန်းက တံတိုင်းကို ချိုးဖေါက်ပြီး ပီကင်း (ဘေဂျင်း) ကို ၁၅၅၀ ခုနှစ်မှာ သိမ်းယူနိုင်ခဲ့တယ်။ ဒိနောက်မှာ မန်ချူးတွေကလည်း ၁၆၄၄ မှာ ချိုးဖေါက်နိုင်ခဲ့သေးတယ်။ မင်းမင်းဆက်လည်း ကုန်ဆုံးတော့မယ်။

၆။ The Walls of Constantinople ကွန်စတန်တင်နိုပယ်တံတိုင်း
ဒုတိယမြောက်သီယိုဒိုဆီးယပ်စ်ဘုရင်လက်ထက် ၅ ရာစုမှာဆောက်တယ်။ ဘိုင်ဇင်တိုင်းအင်ပါယာခေတ်က ကနေ့ အစ်စတန်ဘူးလ်မြို့မှာ ဆောက်ထားတာ။ ၁၄ မိုင်ရှည်တယ်။ ၁၅ ပေမြင့်တဲ့ အတွင်းတံတိုင်းနဲ့ ၂၇ ပေမြင့်တဲ့ အပြင်တံတိုင်း နှစ်ထပ်ရှိတယ်။ ကျုံးလည်းရှိတယ်။

၇။ The Berlin Wall ဘာလင်တံတိုင်း

အရှေ့ဂျာမဏီကိုအုပ်စိုးတဲ့ ကွန်မြူနစ်အစိုးရက ဘာလင်မြို့ကြီးထဲမှာ ၁၉၆၁ ခုနှစ်က ရုတ်တရက်တည်ဆောက်တယ်။ ၁၂ ပေမြင့်တယ်။ ဖက်ဆစ်နဲ့ ရန်သူတွေကိုကာကွယ်ဘို့ အကြောင်းပြပေမဲ့ အရှေ့ဘာလင်သားတွေက အနောက်ဘက် ထွတ်ပြေးနေကြတာကို တားဘို့သာဖြစ်တယ်။ ၁၀၀ ကျော်ပစ်သတ်ခံကြရတယ်။ တံတိုင်းအောာက်မှာ ဥမင်လှိုင်ခေါင်းတွေ လုပ်ပြီး ထွက်ပြေးလွတ်မြောက်တာတွေရှိတယ်။ ၉-၁၁-၁၉၈၉ နေ့မှာ ဖြိုချလိုက်ပြီး၊ ဂျာမဏီနှစ်နိုင်ငံတို့လည်း ၁၉၉၀ အောက်တိုဘာလမှာ ပေါင်းစည်းသွားခဲ့တယ်။

ကျွန်တော် အရေးပေါ်တာဆေးမေးခွန်းတွေ ဖြေနေရချိန်မှာ ဝါရှင်တန်ကလာတဲ့သတင်းက သမတကနေ အရေးပေါ် ကြေငြာပါသတဲ့။ မက်ဆီကိုနဲ့ တံတိုင်းခတ်မလို့ ငွေတောင်းတာ ကွန်ဂရက်ကမပေးလို့ လုပ်တာ။ အဋ္ဌမတံတိုင်းကြီး လာတော့မည်လော။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး