Thursday, February 21, 2019

ထလော့မြန်မာ နှင့် ကဗျာပြိတ္တာ

စိတ်ကူးချိုချိုမူက ဒီလိုဖြစ်နေပါတယ်ဆရာ

စာအုပ်တိုက်တွေက သတ်ပုံကို အလေးမထားနိုင်ပါ။ စာရေးတဲ့သူတွေ ရေးပေးတာပဲ ထုတ်ပေးတယ်။ ကျွန်တော့်စာအုပ်ကိုတော့ အစကတည်းက စည်းကမ်းလုပ်လို့ သတ်ပုံကို မပြင်ပါ။ စာရေးသူတွေမှာသာ တာဝန်ရှိတယ်။ စာရေးဆရာတွေ ကဗျာဆရာတွေ အများစုက ပေါ်လစီအရ

တို့တိုင်းပြည်ကဗျာရေးတဲ့ ဆရာဇော်ဂျီကို အားနာစရာကောင်းတယ်။ မြန်မာစာ ပြန်ထနိုင်ပါစေသတည်း။

တို့တိုင်းပြည် (ဇော်ဂျီ)

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါးများလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့မြေရွာဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့

ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍

တဝမ်းတစိတ် ညီစေသတည်း
တဝမ်းတစိတ် ညီစေသတည်း

ဆရာဇော်ဂျီရဲ့ ကဗျာကို နောက်လူတွေကနေ တစ်ညှိုးညှိုးနှင့် လို့သာရေးရင်၊ တစ်မွဲမွဲနှင့် လို့သာရေးရင်၊ တစ်ဝမ်းတစ်စိတ် လို့သာရေးရင် ကဗျာပြိတ္တာဖြစ်သွားမယ်။

ဒေါက်တာတင့်ဆွေ

အထွက်တိုးစပါးစိုက်တဲ့ခေတ်ကစာတွေကိုသာ သိကြတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Stay Home နေထိုင်မှုပုံစံကြောင့်ဖြစ်ရတဲ့ ရောဂါသစ်

ကရိုနာဗိုင်းရပ်စ်ကြောင့် ကာကွယ်ရေးနည်းလမ်းတွေ တိုင်းပြည်တိုင်းမှာ နေ့မအားညမအား လုံးပမ်းနေကြရတယ်။ အိမ်ပြင်မထွက်ပါနဲ့ဆိုတာ နှာခေါင်းစည်းထက် ...