Rangoon ရန်ကုန်မြို့တော်

နက်ဖြန် ဒီမှာကျင်ပမဲ့ မွန်အမျိုးသားနေ့က ဖိတ်ထားတယ်။

၁၁ ရာစုမှာ မွန်ဘုရင်တွေတည်ထောင်ထားတဲ့ ဒဂုံမြို့ကို ၁၇၅၅ မှာ အလောင်းဘုရားက သိမ်းပိုက်ပြီးနောက်မှာ ရန်တွေ ကုန်သွားတဲ့ အတိတ်နိမိတ်နဲ့ ရန်ကုန်လို့ နာမည်ပေးလိုက်တယ်။

ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးရပြီးနောက် ၂ဝဝ၅ ခုနှစ်အထိ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့မြို့တော် ဖြစ်ခဲ့တယ်။ ကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အချက်အခြာမြို့တော်ဖြစ်တယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်လည်း ရန်ကုန်မှာရှိတယ်။

ပထမ အင်္ဂလိပ်-မြန်မာစစ် (၁၈၂၄-၂၆) ပြီးတော့ အင်္ဂလိပ်ကိုလိုနီတွေက Rangoon လို့ ခေါ်တယ်။ အင်္ဂလိပ်အသံထွက်နဲ့ အဆင်ပြေတယ်။ ၁၉၈၉ မှာ စစ်အစိုးရက Yangon လို့ ပြောင်းလိုက်တယ်။ အင်္ဂလိပ်စကား ပြောသူတွေက ယန်ဂူးလို့ အသံထွက်ကြတယ်။ မြန်မာစစ်စစ်သံနဲ့ ရန်ဂုံလို့က အဆင်ပြေတယ်။

အုပ်ချုပ်ရေးနေရာကို နေပြည်တော်ကို ပြောင်းသွားပေမဲ့ ရန်ကုန်ဟာ လွှတ်တော်မှာ မလုပ်နိုင်တာတွေလုပ်နိုင်တဲ့မြို့တော် ဖြစ်တယ်။ ရန်တွေမကုန်သေးတဲ့မြို့တော်သာ ဖြစ်ပါတယ်။

သမိုင်းတွေထဲမှာ စစ်ပွဲတွေများလွန်းလှတယ်။ နိုင်သူတွေ ရက်စက်မှုတွေလုပ်ကြတယ်။ အနိုင့်အထက်ပြုခံရသူတွေရှိတယ်။ ပိုပြီးယဉ်ကျေးလာတဲ့ခေတ်မှာ သမိုင်းကို သင်ခန်းစာယူတာမှာ အရင်ကာလကလူတွေထက် ပိုသတိထားရမယ်။ တို့ဘုရင်ကွလို့ ဂုဏ်တင်သူတွေကလည်း သတိထားကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၅
၁၆-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး