Thursday, February 14, 2019

ကျန်လူတယောက်

ရတနာဘာသာပြန် ၁၉၅၄ ခုနှစ်ထုတ် စာအုပ်အဖုံး

ဒေါက်တာဇီဗာဂို ရုပ်ရှင် ငယ်ငယ်က ကြည့်ဖူးတယ်။ လိုင်းတကြောင်းသာ အမှတ်ရတော့တယ်။ ဒါဟာ မော်စကိုမြို့ရဲ့ နောက်ဆုံးလက်ကျန် စီးကရက်တလိပ်တဲ့။

စီးကရက်တလိပ်လို့ရေးသူ တယောက်စ နှစ်ယောက်စသာကျန်တော့တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၈
၁၅-၂-၂ဝ၁၉

ခါးတမာ ချိုလေမှ

ရေး = ရွှေတိုင်လှမင်း
ဆို = ခင်မာစမ်း

ဖြစ်သမျှဇာတ်ကြောင်းမလယ် အင်းယားကန်စောင်းဝယ် ရေလွှာဖွေးဖွေး လှိုင်းလေးများ လွန့်လူးနေစဉ်မယ် တဦးကို တဦးရယ် ချစ်ကြည်နူးတယ်၊ ပန်သစ္စာဆိုစကား ယနေ့တိုင် မမေ့နိုင်တယ်၊ ခုတော့ ထိုသစ္စာရယ် တမာများလို ခါးခဲ့ပြီကောကွယ်

တစ်ဦးကိုနဲ့ တစ်ဦးရယ်တော့ဖြစ်နေပြီ။ တစ်မာတော့ ဖြစ်မလာသေး။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၈
၁၅-၂-၂ဝ၁၉

မုန်းတလှဲ့ ပြုံးတလှဲ့

ဝင်းဦးဟာ မြန်မာ့ရုပ်ရှင်နဲ့ အနုပညာလောကမှာ အလွန်နာမည်ကြီးခဲ့တယ်။ ရုပ်ရည်ချောတယ်၊ သီချင်းဆို ကောင်းတယ်။ စာရေး ကောင်းတယ်။ စန္ဒာမဂ္ဂဇင်းကို တည်ထောင်ခဲ့တယ်။ မင်းသမီး ဖျာပုံမယ် တင်တင်အေးနဲ့အတူ မုန်းတလှဲ့ ပြုံးတလှဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်တယ်။ ဝင်းဦး (၁၉၃၅-၁၉၈၈) နဲ့ခေတ်ပြိုင်က အဆိုတော် ပရက်စလေ (၁၉၃၅-၁၉၇၇) ဖြစ်တယ်။

အခု မုန်းတစ်လှဲ့ ပြုံးတစ်လှဲ့လို့ ရေးနေကြတာကို နားမလည်နိုင်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၈
၁၅-၂-၂ဝ၁၉

အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တခု

ဆရာခင်ဗျား။ တစ် မလုပ်ထားတဲ့ ကြေညာချက်တခု တွေ့မိလို့ပါ။

ပင်းယခေတ်က မြင်စိုင်းမြို့ဟောင်းသတင်း

မြန်မာဂျာနယ်လစ်ကွန်ရက်မှာလည်း တင်ထားတယ်။ သတ်ပုံကို အမှန်အတိုင်းရေးထားတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...