ယမားဘေးမှာ

ပြီးခဲ့တဲ့ရက်တွေက ဖေ့စ်ဘွတ်မှာ အဆင်မပြေတဲ့သတင်းတွေသာ ဖတ်နေခဲ့ရတာ။ ကနေ့ ကျွန်တော့်ရွာ မုံရွာနဲ့ ပုလဲက လာတဲ့သတင်းတွေကို ကျေနပ်မိတယ်။

မုံရွာ ဖေဖေါ်ဝါရီ ဆယ့်သုံးရက်သတင်းဖတ်ရတယ်။ ပုလဲမှာ ချင်ပြစ်တိုက်နယ်ဆေးရုံဖွင့်တယ်။ ကျွန်တော်မြို့နယ်ဆရာဝန် လုပ်စဉ်ကတော့ ဝက်ကျတိုက်နယ်ဆေးရုံသာ ရှိသေးတယ်။ ဝက်ကျက တောင်ပေါ်မှာ။ ချင်ပြစ်က မြောက်ယမားဘေးမှာ။

ချင်းတွင်းမြစ်ထဲစီးဝင်တဲ့ ယမားက တောင်နဲ့ မြောက်ရယ်လို့ရှိတာ။ ကျွန်တော်က တောင်ယမားဘေး မွေးတယ်။ ယမားဆိုတာ သဲချောင်းပါ။ မိုးရွာမှသာ ရေလာတယ်။ လာပြီဆိုရင်လည်း အသည်းအသန်။ ဘယ်လောက်မြန်တဲ့ကား မောင်းပြေးလို့ မလွတ်နိုင်။

တောင်ပေါ်နေယောသားတွေနဲ့ ယမားဘေးနေသူတွေက တောသားတွေ။ မြို့သားတွေလို နိုင်ငံခြားသွားနေသူတွေလို ထွေလီကာလီ နည်းတယ်။ ကိုယ့်ဟာကိုတော့ ဟုတ်တယ်ထင်ကြတယ်။ ကျွန်တော်က စကောစက။

၂၆-၄-၁၉၉၀ နေ့က မဲစည်းရုံးရေးခရီးအဖြစ် ချင်ပြစ်ကို နောက်ဆုံးရောက်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး