ဆရာမြသန်းတင့်

ဗမာနိုင်ငံရဲ့ အကြီးမားဆုံးထဲက အကြီးမားဆုံး စာရေးဆရာကြီး ကွယ်လွန်တာ ကနေ့ တလပြည့်ပြီ။ ဆရာမြသန်းတင့် ကွယ်လွန်တာ ဗမာစာပေလောကကြီးအတွက် ဆုံးရှုံးမှုကြီး တရပ်ပဲ။ ဆရာရဲ့ စာပေကျေးဇူးတရားတွေကို ကျွန်တော်တို့ အမြဲ အောက်မေ့နေရမှာပါ။

ဆရာတော်ကိုပညာ (အမရပူရ)  တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပတဲ့ ဆရာမြသန်းတင့် တလပြည့် ၁၈-၃-၁၉၉၈ နေ့ကပြုလုပ်တဲ့ ကုသိုလ်ပြုဆွမ်းကျွေးပွဲတွင် အမှတ်တရစာအုပ်မှာ ကဗျာဆရာကြည်အောင်ရေးသားခဲ့တာပါ။ လက်ရေးမူက ဆရာတော်ကိုပညာ (အမရပူရ) စာစုကဖြစ်ပါတယ်။

မြန်မာ့စာပေသမိုင်းမှာ လူအများလေးစာခြင်းခံရတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေအားလုံးက မြန်မာစာကို သတ်ပုံ သဒ္ဒါမှန်အောင် ရေးသားခဲ့ကြပါတယ်။ နောက်လူတွေက အကြီးမားဆုံးထက် ပညာပိုကြီးကြလို့လားမသိ၊ သတ်ပုံတွေ မတူအောင်သာ ရေးသားနေကြတယ်။ ကျွန်တော်က အဲလိုရေးတာတွေကို မဖတ်တတ်။

ဗမာစာပေလောကကြီးအတွက် ဆုံးရှုံးမှုကြီး တရပ်ပဲ။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး