ရွှေစက်တော်သို့ ဘုရားဖူး

တကုန်းဆင်းသက် တကုန်းတက်၍
မြိုင်နက်သာမော ဟုံတကြော၌
တတောထွက်ဝင် တတောင်မြင်နှင့်
တပင်ရိပ်နား တပင်သွားသော်
တောဖျားမြိုင်နက် လမ်းချက်စူးစမ်း
ရိပ်ဖမ်းဆွေးနွေး (ရှင်မဟာရဋ္ဌသာရ)

ရွှေစက်တော်ကို မရောက်ခဲ့ဖူးပါ။ အခုဆိုပိုခက်ပြီ။ တစ်ကုန်းတွေ၊ တစ်တောင်တွေ၊ တစ်တောတွေ၊ တစ်ပင်တွေနဲ့ အကုန်တစ်နေပြီ။

နှင်းဝေဝေ

ဘိုကလေးတင့်အောင်ရေးသားပြီး လက်ဝဲသုန္ဒရဇာတ်ဝင်ခန်းမှာ ဂီတလုင် မောင်ကိုကို သီဆိုဘူးတယ်။ ကျော်မြင့်သိန်း ပြန်ဆိုထားပြီး မယ်ဒလင် မင်းအောင်မြတ်ဌေးက တီးခတ်ပါတယ်။

လေညင်းရယ် သွေ့း့ ငွေနှင်းငယ် ဖွေ့း့ ရှူရေး သာသာ
သေလာပဗတ မြတောင်ပေါ်မှာ လရောင်သော်မှ့ မထွန်းနိုင်ရှာ
ဝိုက် ဝန်း ရစ်ခွေ့ နှင်းဝေဝေမှာ့ တကိုယ်ရေပမ့်း့
တမ်းတကာ့ လွမ်းရပါတဲ့ နန်းအမရ ရွှေပြည်အညာ
ချမ်းလှပေပြီ ဒေဝီသက်လျာ ရက်ကြာ ညောင့်း့ ခိုအောင်းရရှာ
ရွှေလီ မဲဇာ့ မလွှဲသာ ခွဲခွါ့ ပွဲခါညောင်ရေ သွန်းချိန်မို့
သဲသာသောင်မြေကျွန့်း့ မဲဇာတောင်ခြေစွန်းကသာ့
လွမ်းမပြေ စိတ်မှာ့ ကျွန်းမြေ ရိပ်သာ့
မှေးမှိတ်လို့ မပျော်နိုင်တော့တာ့

Link from Kyaw Kyar https://www.facebook.com/kyaw.kyar.12/videos/1201672509935688/

သတ်ပုံမှန် သီချင်းကောင်းဖြစ်လို့ တင်ပါတယ်။

လင်ဆိုးမယား တဖါးဖါး မယားဆိုးလင် တခင်ခင်

အဲတာ စစ်ကိုင်းဦးဘိုးသင်း ရေးခဲ့တာပါ။ လင်းကို လင်လို့ပြင်လိုက်ပါတယ်။ ဆောရီး။

အခုတော့ လင်ဆိုးမယား တစ်ဖားဖား မယားဆိုးလင် တစ်ခင်ခင်လို့သာ ရေးကြတော့တယ်။ ဖါးလို့ရေးရင် မှားတယ် ထင်နေကြတယ်။

မြန်မာပြည် အတိတ်ရာဇဝင်

အရှေ့နိုင်ငံတခွင်တွင် မြန်မာလူမျိုးတို့မှာ ရာဇဝင်ပြောင်ခဲ့သော လူမျိုးတမျိုးဖြစ်၏။

အခုတော့ တစ်ခွင်က နောက်ကစရေတွက်လျှင် တစ်လူမျိုးသာ ဖြစ်နေပါတော့သည်။

တချိန်တုန်းကတောင်ကြီးမြို့

တင်တာကို မနှစ်က ဒီနေ့မှာတွေ့တာ။ တချိန်တုန်းက တောင်ကြီးမြို့ဟာ သတ်ပုံမှန်နဲ့ ရေးသားခဲ့တယ်။ အခုတော့ တစ်ပြည်ကြီးမှာ တစ်ကြီးမြို့တွေနဲ့ တစ်လေးရွာတွေဖြစ်ကုန်ကြပြီ။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၈
၁၇-၂-၂ဝ၁၉
ပုံ Sâï Kÿï Thęïn August 8, 2011 ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး