ရွှေမှော်တော နှင့် ရွှေမော်ဓေါ

ဆုတောင်းပြည့် ရွှေမော်ဓေါစေတီတော်
ကျည်ချိန်တထောင် စွန်းဆောင်သုံးရာ
ရွှေမှော်တောဟု ရှင်စောဘုရား

မိတ်ဆွေတယောက်တင်ထားတာ တွေ့ပါတယ်။ ကြေးခေါင်းလောင်းမှာ ရွှေမှော်တော။ နောက်ရေးဆိုင်းဘုတ်မှာ ရွှေမှော်ဓေါလို့ ရေးထားတယ်။

ခုခေတ်မြန်မာစာဆရာတွေက ဓာ၊ ဓော နဲ့ ဓော်လို့သာရေးခိုင်းတယ်။ ဓါ၊ ဓေါနဲ့ ဓေါ်လို့လည်း ရေးနိုင်ပါတယ်။

ကျည်ချိန်တထောင်အတိုင်းရေးတာကသာ မူရင်း အမှန်ဖြစ်တယ်။ တစ်ထောင်ရေးလို့ ပိုမလေးပါ။

ဒေါက်တာတင့်ဆွေ

Comments