Simple Clear Easy ရိုးရိုးရှင်းရှင်းလေး မရေးလိုပါက မမေးကြစေလိုပါ

မင်္ဂလာပါဆရာ ဝက်ခြံနဲ့ပက်သက်pးဆရာဆီကြံညဏ်တောင်းချင်လို့ပါဆရာ

ဒါကနမူနာ။ အဲလိုရေးတာတွေ မနည်းပါ။ နေ့တိုင်းလာတယ်။

မြန်မာစာရေးတာမှာ အင်္ဂလိပ်စာလုံးတွေထည့်ရေးကြတယ်။ မြန်မာစာမှာမရှိတဲ့ ဖူးစတော့ထည့်ရိုက်ကြတယ်။ ပုဒ်ထီးပုဒ်မ မသုံးကြ။ အင်္ဂလိပ်စာလုံးမှာ ဝစ္စပေါက်ထည့်ကြတယ်။ ပြီ နဲ့ ပြီးမှာ ရရစ်မထည့်ပဲရေးကြတယ်။ ဖြစ်မှာလည်း ရရစ်မပါတာ အတော်ကိုများနေတယ်။ သတ်ပုံမှားတာ စာရိုက်လွဲတာ ကိစ္စမရှိပါ။ သတ်ပုံမမှန်လို့ မဖြေတာလည်း မရှိပါ။ မေးတာကို နားလည်ရင် ဖြေပါတယ်။

စာရေးတာမှာ ရိုးရိုးလေး ရှင်းရှင်းလေး လွယ်လွယ်လေး မရေးလိုပါက ကျွန်တော့်ကိုတော့ မမေးကြစေလိုပါ။ တခြားဆရာဝန်တွေ အများကြီးရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး