ခရီးကြမ်း

ဟိုဘက်ကမ်း၌
အေးချမ်းဆိတ်ငြိမ်၊ လွင့်မျောတိမ်သို့
အချိန်မရှိ၊ အိမ်မရှိ။

သည်ဘက်ကမ်း၌
ခြေလှမ်းများစွာ၊ တောတရာတည့်
ကန္ထာတထပ်၊ တံလှပ်တထောင်
တောင်စဉ်တသောင်း၊ တောင်နှာမောင်းနှင့်
ပေါင်းဖော်သိန်းသန်း၊ မှောင်ပိန်းလမ်း၌
စမ်းလိုချိုအေး၊ အချစ်တေးနှင့်
သွေးချင်းများစွာ၊ ရိုဟေးငြာလျှက်
ပူဆာငြိမ်းပျောက်၊ အားသစ်ရောက်ခဲ့။

တထောက်နားချိန်၊ ငါ့တဲအိမ်တွင်
စားမြန်တထုပ်၊ ရေတမှုတ်။

တနေ့နေ့၌
ချမ်းမြေ့စိမ့်စမ်း၊ ဟိုဘက်ကမ်းသို့
လှမ်းရမည်သာ၊ ငါသိပါလည်း
သည်မှာဘက်ကမ်း၊ ခရီးကြမ်းကို
တလွမ်းဆွတ်ဆွတ်၊ ငါ့စိတ်ညွတ်လျက်
စိုစွတ်မျက်ရည် လည်လိမ့်တကား။    ။

ဆရာတင်မိုး ၁၅-၁၀-၇၃ နေ့ကရေးခဲ့တာ။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်