သစ္စာပွင့်ပန်း လန်းရာမြေ

နှစ်ကိုယ်တူ ချစ်သော ဘဝဝယ် ထာဝစဉ်မခွဲ အသည်းမှ ဖွင့်လှစ်ရရင်ကွယ်
ရွှေပင်လယ် ကာဆီးလို့ ချောက်ကမ်းပါးတွေလည်း ခြားပါစေကွယ်
ကျောက်သားကျောက်ပွင့်ပမာ မေတ္တာဆိုတာလည်း ခိုင်မြဲနိုင်ရမယ်။

တဦးဘဝ တဦးရယ် နားလည်သော်လည်းကွယ်
အသိုင်းဝိုင်းရံရွေအလယ် တင့်တယ်ဟန်ရေး
အစဉ်ပေးမှ ချစ်ဘဝတွေမှာသာယာမယ်။

ဘဝချင်းခြားစရာ မေမတွေးနဲ့ကွယ်
ဆွေးတသက်သက် ဝေးရမယ့် အဖြစ်ဆိုတာရယ် သောကမုန်တိုင်းပုံနှယ်
တယောက်တလမ်း မခွဲလိုရင်
မိုးမြင့်မှငွေကြယ် ဆွတ်ချူမှန်းဆ တမ်းတမနေနဲ့ကွယ်
လှရာရာ ကိုယ်တိုင်ရွေးလို့
သစ္စာပွင့်ပန်း လန်းရာမြေဝယ်
နောင်တွယ် ချစ်မြဲချစ်ခါရယ်
ဆုံးဘဝတိုင် မုန်းရမှာကို မလိုလားတယ်။

အချစ်စစ်ဆိုတာရယ် တဦးအပေါ်တဦးမှာ ယုံကြည်မှုနဲ့ရယ်
ထာဝစဉ်လက်တွဲ ဆုံးဖြတ်ရဲရမယ်။

အော် အချစ်စစ်ဆိုတာရယ် တဦးအပေါ်တဦးမှာ ယုံကြည်မှုနဲ့ရယ်
ထာဝစဉ်လက်တွဲ ဆုံးဖြတ်ရဲရမယ်။
နှစ်ဦးသားရဲ့ အနာဂတ်ဘဝတွေများရဲ့ နောင်အခြေဝယ်
တင်ကြိုတွေးဆကာ ဝေးရမယ့်အဖြစ်ကို ကိုယ်မလိုတယ်။ ။

သစ္စာပွင့်ပန်း လန်းရာမြေ
တေးရေး - ကိုကျော်ညွန့်
တေးဆို - ကိုတင်ထွဋ်

https://my.pcloud.com/publink/show…

https://soundcloud.com/yanwin-taungdagar/3cz5a5pkmwmp

https://youtu.be/QZe7XpKeZcQ

အဲဒီခေတ်က သီချင်းကိုလည်း စာသားမှန်အောင်ရေးပြီး အဆိုတော်တွေကလည်း အသံကြည်လင်ပီသခဲ့ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး