Blood Type and Crossmatch သွေးအုပ်စုနှင့် တိုက်ရိုက်စစ်ဆေးခြင်း

ဆရာရှင့် ကျွန်မဖြစ်နေတဲ့ပြဿနာလေး တိုင်ပင်ခွင့်ပြုပါဆရာ။ ဆေးခန်းကို သွေးစစ်တဲ့လူလာပါတယ်ဆရာ။ သွေးစစ်ကြည့်တော့ O + ပါဆရာ။ O သွေးပြောတော့ သူကအရင်ကသူက AB တဲ့ဆရာ။ မဟုတ်ဘူး O သွေး ပြောလိုက်ပါတယ်။ O သွေး ဖြစ်ကြောင်းရေးပြီး သူတို့ကိုပေးရပါတယ်ဆရာ အဲ့ဒါတွေပြီးတော့ ဆေးခန်းမှာ သွေးလာစစ်တဲ့သူကိုစာရင်ပြန်သွင်းရပါတယ်ဆရာ အဲ့မှပြန်သွင်းတော့သွေးအမျိးအစားကို AB လို့သွင်းမိတယ်ဆရာ ပြန်ကြည့်မိမှသိတာပါဆရာ မေ့သွာလို့ဘဲလား မသိပါဘူးဆရာ။ သွေးစစ်တဲ့လူကိုလည် O သွေးကို AB လို့ ရေးမိလား ဝေခွဲမရဘူးဖြစ်နေတယ်။ သွေးလာစစ်တဲ့သူကိုလည်း O သွေးကို AB မှားရေးမိလာမသိတော့ပါဘူးဆရာရှင့် သွေးလာစစ်တဲ့သူကိုလည်း O သွေးကို AB နဲ့များရေးပေးမိလားဝေခွဲမရတော့ပါဘူးဆရာရှင်။ အကယ်လို့ သူက AB ထင်ပြီးတခြားလူ AB ကိုသွေးလှူရင်ပြသာနာရှိနိင်လာဆရာရှင့်။ အကယ်လို့ သူသွေးသွင်ရတာရှိရင်သူက AB မှတ်ပြီး သူများ AB လှူရင်ကောပြဿနာ ရှိနိင်လားဆရာရှင့် အကယ်၍ သူကသွေးသွင်းရမယ်ဆို AB ထင်ပြီးပြောလိုက်ရင် သွေးလှူတဲ့လူက AB သွေးကိုလှူရင်ကောပြဿနာရှိနိင်လာဆရာရှင့် အဲ့လိုတွေတွေးပြီး ပြဿနာဖြစ်မှာ စိုးရိမ်နေပါတယ်ဆရာရှင့်

Rh blood group system အာရ်အိတ်ခ်ျ သွေးအုပ်စုခွဲနည်းစနစ် https://doctortintswe.blogspot.com/2014/11/rh-blood-group-system.html

Blood groups သွေးအုပ်စုများ အနည်း-အများ https://doctortintswe.blogspot.com/2015/09/blood-groups.html

Blood donation rules သွေးလှူခြင်းဥပဒေသများ https://doctortintswe.blogspot.com/2015/01/blood-donation-rules.html

ဆရာရှင် O+ ကို AB+ ကသွေးလှူမယ်ဆိုရနိင်လာဆရာရှင့်။

Blood Type and Crossmatch သွေးအုပ်စုနှင့် တိုက်ရိုက်စစ်ဆေးခြင်း

သွေးမသွင်းမီတိုင်းမှာ လှူထားတဲ့သွေးနဲ့ လူနာသွေးတွေကို ပေါင်းစပ်ကြည့်ပြီး စစ်ဆေးတာကိုခေါ်တယ်။ သွေးအုပ်စုခွဲတာကို အရင်လုပ်တယ်။ တချို့ဆေးရုံတွေမှာ Recipient antibody screen ခေါ် လူနာ အင်တီဘော်ဒီ စစ်ဆေးနည်းပါလုပ်တယ်။

သွေးအုပ်စုခွဲတာက ၂-၃ မိနစ်ကြာမယ်။ Crossmatching လုပ်တာ ၄၅ မိနစ်ကနေ တနာရီအထိကြာနိုင်တယ်။ အရေးပေါ်အခြေအနေတွေမှာ အဲတာမလုပ်နိုင်ပါ။ သွေးအုပ်စုတူတာဖြစ်ဖြစ် အိုသွေးဖြစ်ဖြစ် သွင်းပေးရတယ်။ O and Rh negative အိုအနှုတ်ကို Universal donor ခေါ်တယ်။ တချို့နေရာတွေမှာတော့ ယောက်ျားအတွက် O+ နဲ့ မိန်းမအတွက် O- သွေးသုံးတယ်။

သွေးလှူဘဏ်ကပ်ထဲမှာ ဘာရေးထားထား တိုက်ရိုက်စစ်ဆေးလို့ တူတာကိုသာ သွေးသွင်းပေးမှာသာဖြစ်တယ်။ သွေးသွင်းကာစအချိန်မှာလည်း ဘာဖြစ်လာသလဲ စောင့်ကြည့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး