HIV Prevention R&D

ဆရာ hiv virus ကို aids ရောဂါအဆင့် မရောက်ခင်မှာ art ဆေးတွေ သောက်စရာ မလိုပဲ လုံးဝ ပျောက်ကင်းနိုင်တဲ့ ဆေးဝါး ဒီနှစ်နှစ်လောက် အတောတွင်းမှာ ပေါ်လာနိုင်လားဆရာ။ အမှားပါရင် ခွင့်လွှတ်ပါဆရာ။

ဘယ်လိုလုပ် သိနိုင်မလဲ။ ဆေးပညာမှာ ဗေဒင်လိုလုပ်မရနိုင်။ သုနေသနတွေ တချိန်လုံး လုပ်နေကြတယ်။

ဟုတ်ကဲ့ပါ ဆရာ။

WHO က ၂၉-၁၀-၂၀၁၈ နေ့ကထုတ်တဲ့စာမှာ HIV သုတေသနအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတယ်လို့ပါတယ်။ ၂-၁၇ ခုနှစ်က ၁့၁ ဘီလီယန်သာရလို့ ၃့၅% နည်းသွားတယ်။

ယူအက်စ်အေမှာလည်း ၆% နည်းလာတယ်။ ၂၀၁၇ ခုနှစ်က ၈၃၀ သန်းသာသုံးစွဲခဲ့တယ်။

WHO က ၂၀၂၀ ခုနှစ်ရောက်ရင် လူနာသစ် ၅ သိန်းထက်မများစေဘို့ မျှော်မှန်းထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ လူနာသစ် ၁့၈ သန်းရှိခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး