မုံ့ဖက်ထုပ် ဘရိတ်ဖတ်စ်

ရခိုင်အိမ်တအိမ်ကနေ လာပို့တာ။ ကျေးဇူး။ ရခိုင့်တန်ဆောင်ကဗျာကို ပြန်တွေ့လာတယ်။ တင်ပေးထားသူ ကျေးဇူး။ လူပုံသုံးရတာ အတော်ခက်လို့ မုံ့ပုံပဲသုံးပါတယ်။ မြန်မာပြည်က လူပုံသုံးရတာ ပြဿနာတက်ဘူးတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က အရက်ဆိုင်မှာ အမျိုးသမီး ၂ ယောက် ဘီယာပုလင်းနဲ့ပုံကို အရက်ပညာပေးစာမှာ တွဲတင်တော့ တရားစွဲမယ်လို့ပြောလာတယ်။ သင်္ကြန်မှာ လူတွေကြားထဲ ခွက်ကိုယ်စီနဲ့ အမျိုးသမီးတွေပုံကိုတော့ ပုံထဲက တယောက်က ယဉ်ယဉ်ကျေးကျေး ဖြုတ်ပေးပါလို့ ရေးလာတယ်။ အဲဒီပုံတွေ အခုထိ ဂူဂယ်လ်အင်မေ့ခ်ျမှာ ရှာရင်ရတယ်။

ရခိုင့်တန်ဆောင်
ဌာနတည်၍၊ ရွှေပြည်ကဲ့သို့၊ ရခိုင့်မြို့ဝယ်၊ ဆန်းတို့ပေစွ၊ မျှော်ပါရသား၊ သင်္ဂီရောင်စွန်း၊ ရွှေပုံသွန်းသို့၊ လန်းလန်းလက်လက်၊ လိုက်ဖက်တင့်မော၊ မချောစရာ၊ ချောစရာလျှင်၊ ကေသာဆံလှ၊ ထုံးနောက်စနှင့်၊ ချုပ်ညရီတွင်၊ ဖြုတ်ခြည်းမြင်သည်၊ သျှင်သာရခိုင်တန်ဆောင်လော။

သာလှစည်၍၊ ရွှေပြည်ရပ်သူ၊ ထိုမျှလူဝယ်၊ ပြိုင်တူမထင်၊သည်သခင်မူ၊ ရုပ်သွင်ပျိုချော၊တင့်မောပေစွ၊ သဘောတည်ကြည်၊ မြတ်မူနည်နှင့်၊ ရွှေရည်ရုပ်တု၊ ပုံသွန်းပြုသို့၊ ပျိုနုထွတ်ထွတ်၊ ဝင်းရှိမ်းလတ်မူ၊ သွေပတ်ဝေဝေ၊ ထုံးနောက်ခွေနှင့်၊ တင့်နေစလှ၊ ဆည်းရီညဝယ်၊ လွလွဖြူစင်ပေါ်ရုံတင်၍၊ ထမ်းစင်ယဉ်သာ၊ စီးစကာတည်း၊ သူဇာပေပင်၊ ရှင်ဆင်းပြင်မူ၊ မြင်လျှင်လွန်ကြူး၊ အံ့မိန်းမူးသည်၊ သောက်ရှူးသော်တာ အရောင်လော။

ဝါလလည်၍၊ ရွှေပြည်ရောက်စ၊ ရှေးသော်ကမူ၊ မလှဆင်းပြင်၊ သည်သခင်ကို၊ မြင်လျှင်လွန်ကျူး၊ သောက်ရှူးသော်တာ၊ လအဝါသို့၊ ပြင်လျာဆုံဆည်း၊ ရွှေဖျင်ပည်းဝယ်၊ စုလည်းမဆင်၊ နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့၊ သည်လျာမချွတ်၊ နောင်မင်းမှတ်သည်၊ မိုးနတ်သူဇာ အယောင်လော။   ။ (ရှင်တေဇောသာရ)

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး