One Kidney Person ကျောက်ကပ်တခုတည်းရှိသူ

မင်္ဂလာပါ ဆရာ ကျွန်တော့်အသက် ၂၆ နှစ်ရှိပါပြီ။ လူတယောက်ဟာ ကျောက်ကပ်တခြမ်းထဲပဲရှိတော့ရင် မည်မျှအထိ အသက်ရှင်ပါသလဲခင်ဗျာ။ ပြီးတော့ ကျောက်ကပ်တခြမ်းပဲရှိတော့တဲ့သူဟာ ဘာတွေဆိုးကျိုးရှိမလဲခင်ဗျာ။ ပြီးတော့ ဘာတွေရှောင်ရှားသင့်သလဲဆိုတာလေးပြောပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ် ဆရာ။

တချို့မှာ မွေးကတည်းက ကျောက်ကပ်တခုတည်းသာပါတယ်။ တချို့မှာ ၂ ခုပါပေမဲ့ တဖက်တည်းသာအလုပ်လုပ်တယ်။ တချို့က ကျောက်ကပ်တလုံး လှူတယ်။

ယေဘုယျပြောရရင် ကျောက်ကပ်တလုံးတည်းနဲ့လူဟာ တခြားလူတွေလို နေနိုင်ကြတယ်။ သွေးလှူသလိုတော့ မဟုတ်ပါ။ သတိထားစရာတွေတော့ ရှိတယ်။

တချိန်မှာ သွေးတိုးရှိလာမလား။ သုတေသနတွေအရ ၂၅ နှစ်ကြာရင်ဖြစ်တတ်တာတွေ့တယ်။ ကျောက်ကပ်အလုပ်ကို တနှစ်တခါစစ်နေသင့်တယ်။ ကိုယ်လက်လှုပ်ရှားမှု သူများတွေလိုလုပ်နိုင်တယ်။ ကျောက်ဘက်နေရာကို ထိခိုက်မလားသာ သတိထားရမယ်။ ကြမ်းတမ်းတဲ့ကစားနည်းတွေ မသင့်ပါ။

အစားအသောက်လည်း အထူးတော့မရှိသလောက်ဖြစ်တယ်။ ရေပုံမှန်သာသောက်ပါ။ တနေ့ ၂ လီတာ။

ယူအက်စ်မှာနေသူတွေအတွက်တော့ လျှော့စားသင့်တာတွေရှိတယ်။ အရောင်ရင့်ကိုလာရည်၊ ထောပတ်သီး၊ စည်သွတ်ဗူး၊ ဆန်လုံးညို၊ ငှက်ပျောသီး၊ နွားနို့၊ လိမ်မော်သီး၊ အာလူး၊ ကန်စွန်းဥ၊ ဟင်းနုနွယ်ရွက်နဲ့ ခရမ်းချဉ်သီး။ အဲတာတွေကို မစားနဲ့တော့ မဟုတ်ပါ။

အနာအကိုက်သက်သာဆေးတွေဖြစ်တဲ့ aspirin, ibuprofen, acetaminophen, naproxen တွေကို သတိနဲ့သုံးပါ။ များတာ မကောင်း။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ