တန်ဖိုး နှင့် တန်ဘိုး

၁။ အဘိုးနဲ့ တန်ဖိုး ဘယ်ဟာက အမှန်လဲဆရာ။ တန်ဘိုးရော မှန်ရဲ့လားဆရာ။

၂။ တန်ဖိုးကို ဘယ်အချိန်က ပြောင်းသုံးပါသလဲဆရာ။ (မသိပါ။ ဆောရီး။)

၃။ ဆရာ တန်းဘိုး နှင့် တန်ဖိုး ဘယ်ဟာအမှန်လဲရှင့်။ ကျွန်မ အမှန်လို့သိထားတာက တန်ဖိုးပါ။

၂ မျိုးလုံးရေးကြတယ်။ နောက်ပိုင်းမှာ တန်ဖိုးလို့ရေးလာတယ်။ အရင်က တန်ဘိုး ၅၀ ပြားလို့ရေးတာလည်းရှိတယ်။

ဖိုး
ဖိုးခေါင်ရွာ
ဖိုးခေါင်ငှက်
ဖိုးခေါင်ကြွေးကြော်
ဖိုးရိုးဖါးလျား
အဖိုးအခ
အဖိုးထိုက်တန်
အဖိုးငွေ
အဖိုးဖြတ်သည်
ဖိုးလင်း = လွန်စွာအဖိုးထိုက်သည်
ဖိုးဖိုးဖိန်းဖိန်း
ဖိုးကျိုင်းဒုတ် = ဖုန်းကျိုင်းဒီး (ဖုန်း = ကျွန်တော် + ကျိုင်း = စိတ် + ဒီး = ကောင်းသည်။ ယိုးဒယား)

ဘိုး
ဘိုးကြီးဘွားကြီး
ဘိုးတော်မင်းတရား
ဘိုးဘိုးအောင်
ဘိုးသူတော်
ဘိုးဘိုးကြီးနတ်
ဘိုးမင်းခေါင်
ဘိုးအေ
အဘိုးအေ
ဘိုးစဉ်ဘောင်ဆက်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး