Saturday, February 23, 2019

သူ၏ပါးထက် မျက်ရည်တစက်

ဟုတ် စာအုပ်မှာပါတဲ့အတိုင်းရေးလို့ပါ။ နောက်ဆို စာလုံးပေါင်းသတ်ပုံ၊ စာအရေးအသားတွေ သေချာဂရုစိုက်ပါ့မယ်။

စာအုပ်ပြန်ထုတ်သူတွေက ဆရာတင်မိုးထက်တော်ကြတယ်။ ဆရာမင်းသုဝဏ်ထက်လည်းတော်ကြ၊ ဆရာဇော်ဂျီထက်လည်းတော်ကြတယ်။

တုန်လှုပ်နေသောတယောကြိုး (တင်မိုး)

သူ၏ပါးမှာ
တယောပြားကလေး မှီနွဲ့လျက်။
သူ့လက်ဖျားက
ပန်းများပွင့်ဝေ၊ တချို့ကြွေလျက်။

သူ့နှလုံးမှာ
အပြုံးမရှိ။

သူ့ဘဝမှာ
အလှမရှိ။

သူ့မှာ ရှိသည်
အိအိညက်ညော၊ တယောတလက်။

တယောကြိုးကား
ထိုးတံကိုင်တိုင်း၊ အသံလှိုင်းက
မုန်တိုင်းတွေလာ၊ မိုးတွေရွာလျက်။

သားရိုင်းပမာ၊ အော်ညည်းရာမှ
တစတစ၊ ပင့်သက်ချကာ
ငြိမ်ကျလျက်
သူ၏ပါးထက်၊ မျက်ရည်တစက်။

ခုခေတ်မှာတော့ မြန်မာစာ တုန်လှုပ်နေပါတယ်။ သားရိုင်းပမာ၊ အော်ညည်းရာမှ၊ တစတစ၊ ပင့်သက်ချကာ၊ ငြိမ်ကျလျက်၊ သူ၏ပါးထက်၊ မျက်ရည်တစက်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...