Daflon 500 mg ဆေး

ကျွန်မအသက်က ၃၅နှစ် ကလေး၂ယောက်မိခင်ပါဆရာ Daflon 500mg က သွေးကြောထုံးတဲ့လူတွေ သောက်လို့ရလားဆရာ အသိဆရာဝန်တယောက်က မနက်တလုံး ညတလုံးသောက်ရတယ်ပြောလို့ပါ ဒူးကွေးနောက်ဘက်နဲ့ခြေသလုံးနောက်ဘက်မှာသွေးကြောထုံးလို့ပါဆရာ အဲ့ဆေးက ဘယ်လောက်ကြာ စွဲသောက်လို့ရသလဲဆိုတာလဲသိချင်လို့ပါဆရာ

Daflon 500 mg ဆေးကို သွေးပြန်ကြောရောဂါတွေမှာပေးတယ်။ လိပ်ခေါင်းရောဂါဆိုးလာချိန်မှာ တနေ့ ၆ လုံး၊ ၄ ရက်၊ နောက် တနေ့ ၄ လုံး ၃ ရက် အစာနဲ့သောက်ရတယ်။ အများဆုံး ၆ လကြာအထိသောက်နိုင်တယ်။

သွေးပြန်ကြောထုံးတာအတွက်လည်းသုံးတယ်။

ဘေးထွက်သက်ရောက်မှုတွေက အစာအိမ်အနေရခက်မယ်။ ဝမ်းပျက်မယ်။ ခေါင်းကိုက်မယ်။ ကြွက်သားတွေနာမယ်။ တချို့ အရေပြားမှာ အနီပြင်ထွက်တယ်။ တချို့ နှလုံးခုန်မမှန်ဖြစ်မယ်။

Varicose veins သွေးပြန်ကြောထုံးခြင်း https://doctortintswe.blogspot.com/2014/11/varicose-veins.html

Piles Treatment လိပ်ခေါင်းကုနည်းများ https://doctortintswe.blogspot.com/2015/04/piles-hemorrhoids-treatment.html

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး