ဓမ္မတာ မျက်ဖြေအလင်္ကာ


သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊ သံသာစက်၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစာ၊ ငါ့ခနာတည်း။

ခုခေတ်သာဆိုရင် အနန္တသူရိယအမတ်ကြီးရဲ့စာမှာ တစ်ယောက် မဟုတ်လို့ သူတစ်ယောက်မှာ မဟုတ်လို့၊ တစ်သက်လျာတည့် မဟုတ်လို့၊ လူတစ်ကာတို့ မဟုတ်လို့ မြန်မာစာအဖွဲ့က ဆင်ဆာလုပ် ထုတ်ခွင့်မှာမဟုတ်ပါ။

မြန်မာစာ့ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။

ဒေါက်တာတင့်ဆွေ

၁၈-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး