Thursday, February 14, 2019

Modes of Disease Transmission ရောဂါတွေ ဘယ်လိုကူးစက်သလဲ

Reservoirs and Carriers ရောဂါပိုးသိုလှောင်ထားခြင်းနဲ့ သယ်ပို့ပေးခြင်း

Pathogens ဆိုတာရောဂါဖြစ်စေတဲ့ပိုးတွေကိုခေါ်တယ်။ အဲဒီရောဂါပိုးတွေဟာ သက်ရှိတွေနဲ့ သက်မဲ့တွေမှာရှိနေကြတယ်။ သက်မဲ့တွေဆိုတာ မြေ၊ ရေ၊ လေ၊ မျက်နှာပြင်စတာတွေ။ သူတို့ကြိုက်တဲ့အခြေအနေမျိုးမှာ ကြာကြာ အသက်ရှင် နေနိုင်ကြတယ်။ နေနိုင်စွမ်း မတူကြပါ။ မေးခိုင်ပိုးက မြေကြီးမှာ အောက်စီဂျင်ရရင်ရှိနေနိုင်တယ်။ ဗိုင်းရပ်စ်တွေက ကြာကြာမရှင်နိုင်။ တုပ်ကွေးဗိုင်းရပ်စ်တွေက ပိုက်ဆံစက္ကူတွေမှာ ၄၈ နာရီကနေ ၁၇ ရက်အထိရှင်နေနိုင်ကြတယ်။ ရေကျောက်ဗိုင်းရပ်စ်ပိုးက နေမကောင်းကတည်းက ၅ ရက်ကြာ တခြားကလေးတွေကို ကူးစေနိုင်တယ်။ အစာလမ်းပိုးတွေကတော့ ရောဂါပျောက်တဲ့နောက် ၂၄ နာရီသာ ကူးစေနိုင်တယ်။

ကိုယ်တိုင်ရောဂါမရပေမဲ့ သူများကိုကူးစေသူကို Carrier ခေါ်တယ်။ အလားတူ လက်မဆေးသူကနေ တခြားသူကို ကူးစက်စေနိုင်တယ်။ ရောဂါပိုးရှိနေပြီး သူများကိုကူးစေနိုင်သူကို Active carrier လို့ခေါ်တယ်။ ဥပမာ တိုက်ဖွိုက်ပိုးရှိသူ။

အကောင်တွေကနေကူစက်တာကို Zoonotic diseases ရောဂါတွေလို့ခေါ်တယ်။

Transmission ကူးစက်နည်းလမ်းတွေ အမျိုးမျိုးရှိတယ်။

Contact Transmission ထိမိရာကကူးခြင်း
ကိုယ်လက် စတာတွေနဲ့ထိခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်း၊ စွန့်ထုတ်အမှုန်အမွှားကနေကူးခြင်းတွေပါဝင်တယ်။ ပိုးရှိမိခင်ကနေ မွေးလာတဲ့ကလေးကူးနည်းလည်းပါတယ်။ မိခင်နို့တိုက်နည်းလည်းပါတယ်။ ချောင်းဆိုး၊ နှာချေ၊ အသုံးအဆောင် အဝတ်အစားတွေလည်း ပါတယ်။ Airborne transmission ဆိုတာ လေကနေတဆင့်ကူးတာ။ ဆေးခန်းသုံးပစ္စည်းတွေကို စံနစ်တကျပိုးမသန့်နည်းလည်းပါတယ်။

Vehicle Transmission ကြားခံတခုခုကတဆင့်ကူးနည်း
ရေ၊ လေ နဲ့ အစားအသောက်တွေ။ ရေမသန့်လို့ရတဲ့ရောဂါတွေကြောင့် နှစ်စဉ် လူပေါင်း ၅ သိန်းသေဆုံးနေရတယ်။ တံတွေး၊ ဆီးနဲ့ ဝမ်းစတဲ့အညစ်အကြေးတွေထဲမှာ ပိုးတွေပါနေတယ်။

Tuberculosis ခေါ် တီဘီပိုးတွေ ပိုးပါနေသူချောင်းဆိုးရာကနေကူးစက်နိုင်တယ်။ ၁၀ ကောင်ပါနေတာနဲ့ ကူးနိုင်တယ်။

Vector Transmission ကြားခံအကောင်တွေကတဆင့်ကူးစက်နည်း
ယင်ကောင်၊ ခြင်၊ ပိုးဟပ် စတဲ့အကောင်လေးတွေ။ ကြက် ငှက် ဝက် ခွေး ကြောင် မျောက်။


Healthcare-Associated Infections ဆေးရုံဓါတ်ခွဲခန်းမှာ အလုပ်လုပ်သူတွေကနေတဆင့်ကူးနည်း
၂၀၁၁ ခုနှစ်တုန်းက အမေရိကမှာ အဲလိုနည်းကနေကူးစက်တာ ၇ သိန်း ၂ သောင်းရှိခဲ့တယ်။ ၂၂% ခွဲစိတ်ခန်း၊ ၂၂%  နူမိုးနီးယား။ ၁၃% ဆီးလမ်း။ သွေးကတဆင့် ၁၀% ကူးစက်တယ်။

1. Airborne diseases လေကတဆင့် ကူးစက်ရောဂါများ https://doctortintswe.blogspot.com/2017/07/airborne-diseases.html
2. Animal-Borne Diseases တိရစ္ဆာန်တွေကတဆင့် ကူးစက်ရောဂါများ https://doctortintswe.blogspot.com/2018/01/animal-borne-diseases.html
3. Cockroach Diseases ပိုးဟပ် နဲ့ ရောဂါများ https://doctortintswe.blogspot.com/2016/02/cockroach-diseases.html
4. Cockroach ပိုးဟပ်ဆေး https://doctortintswe.blogspot.com/2017/10/cockroach.html
5. Face Mask နှာခေါင်းစည်း https://doctortintswe.blogspot.com/2017/07/face-mask.html
6. Flu Viruses Survival တုပ်ကွေးပိုးတွေ ဘယ်လောက်ကြာ အသက်ရှင်နေနိုင်သလဲ https://doctortintswe.blogspot.com/2017/07/flu-viruses-survival.html
7. Food Storage and Safety Guidelines အစားအသောက် သိုလှောင်ခြင်း http://doctortintswe.blogspot.com/2015/04/food-storage-and-safety-guidelines.html
8. Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု  https://doctortintswe.blogspot.com/2015/06/healthy-culture_18.html
9. HIV survival outside the body ခန္ဓာကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ https://doctortintswe.blogspot.com/2015/07/hiv-survival-outside-body-hiv.html
10. Hospital-acquired infection ဆေးရုံကူးစက်ရောဂါ https://doctortintswe.blogspot.com/2017/08/hospital-acquired-infection.html
11. How to Purify Muddy Water ရွံ့ရေကို ဘယ်လိုသန့်စေမလဲ https://doctortintswe.blogspot.com/2017/05/how-to-purify-muddy-water.html
12. Kiss and Risks နမ်းတာကနေ ဘာရောဂါရနိုင်သလဲ https://doctortintswe.blogspot.com/2014/10/kiss-and-risks.html
13. Occupational safety and health လုပ်ငန်းခွင် ကျန်းမာရေး https://doctortintswe.blogspot.com/2015/04/occupational-safety-and-health.html
14. Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://doctortintswe.blogspot.com/2014/11/personal-hygiene-for-women_19.html
15. STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများအခြေခံ https://doctortintswe.blogspot.com/2014/11/stds-basic.html
16. Waterborne Diseases ရေကတဆင့်ကူးစက်သည့် ရောဂါများ https://doctortintswe.blogspot.com/2016/08/waterborne-diseases.html
17. Zoonotic Disease ကြောင်ကနေ လူကိုကူးစက်နိုင်တဲ့ရောဂါတွေ https://doctortintswe.blogspot.com/2018/07/zoonotic-disease.html

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...