ကျို နှင့် ကြို

အကျိုအကြားနဲ့ အကြိုအကြား ဘယ်ဟာမှန်လဲဆရာ။

ကျို
ကျိုချက်
တိုကျိုမြို့
ရွက်ကြမ်းရေကျို
အရည်ကျို
ရေကျိုငါးပိ
ရေနွေးကျို

ကြို
ခရီးဦးကြို
စစ်ကြိုခေတ်
ဆီးကြို 
တင်ကြိုပြုပြင် 
ကြိုဆို
ကြိုတင်
ကြိုကြိုကြားကြား
ဘွဲ့ကြိုသင်တန်း
မီးကြိုမီးတား
သင်္ကြန်အကြိုနေ့
အကြိုအကြား
အပို့အကြို
အရကြို
ချောင်းကြိုမြောင်းကြား
ချောင်ကြိုချောင်ကြား
ဈေးကြို
ရေစကြိုမြို့
ရွှေကြို

ထပ်ထပ်ကယ်မျှော်၊ ပြဿာဒ်ဆောင်ဘုံပေါ်က၊ အကြိုတော် သည်မယ်ထောက်ရတယ်၊ ကိုးခေါက်ပြန်ပေါ့။ (အနောက်နန်းမတော် မမြကလေး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး