တရောရှင်

တအိမ်ဝင် တအိမ်ထွက်
တရက် တနေကုန်တော့
တမြုံမှာ တခါထောက်ပါလို့
တယောက် ဆွေမခေါ်ဘု
တကြော်ကြော် ဘော်တရောရယ်နဲ့
တော လေတဲ့ ထံတျာရှင်။

သင့်ဘဝ
ခဏ အကျွန်ယူလို့
တကြူကြူ ကြူသီချင်းတွေနှင့်
သံညင်း သံသာနွှယ်လို့
မြန်မာနယ် ပြည်တရိုးမှာ
ဒိုးသို့ မွှေ့ချင်။

ငွေအရုဏ် သောက်ရောင်ဆုံးမှာလ
ချိုပြုံး ရွှင်လှိုင်စံတဲ့
ပင်တိုင်ယံ မှန်ပြူဝဆီသို့
ကံ မကာ တခါဆိုက်ယင်တော့
ငယ်ကြိုက်ကယ် မောင့်တူလွမ်းတာဖြင့်
ကွမ်းတယာ ရေတမှုတ်ကိုလ
မြန်ထုတ်လို့ ပေးစေချင်
ကြည်ရွှင်လို့ ပန်တောင်း။

သူဖုန်းစား
သွားပါလေ မယ်မပေးနိုင်ဘု
သင့်တေး ပဉ္စင်က
တော်မဝင် တောသံနှောက်ကယ်လို့
အော်ငေါက်ကာ သူနှင်ပစ်လေက
စာဆိုမောင် ခန္ဓာသစ်ကယ်နဲ့
တဖြစ်ကို အမြန်ကူးပါလိမ့်
ကြင်ဦးပျို သင်္ဂြိုဟ်ရစ်ပေတော့
ဘုန်းချစ်အလောင်း။   ။

ဆရာမင်းသုဝဏ်ရေးသားတဲ့ မူရင်းသတ်ပုံပါကဗျာကို တင်ပြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်