Padoh Mahn Sha Lah Phan ပဒိုမန်းရှာကို သတိရခြင်း

ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ဟာ KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလာဖန်း ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

၁၄-၂-၂ဝဝ၈ နေ့မနက်မှာ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU ညီလာခံစပြီးကျင်းပတော့ ပဒိုမန်းရှာ ကလာပြီး အမတ်တွေအားလုံးကို တယောက်ချင်းလက်ဆွဲနုပ်ဆက်ပါတယ်။

အဲဒီနေ့အစည်းအဝေးအပြီးမှာဘဲ ဦးခွန်မာကိုဘန်းဆီကို ပဒိုမန်းရှာ သေနတ်ပြစ်ခံရတယ်လို့ ဖုန်းဝင်လာတယ်။ ကျွန်တော် မဲဆောက်ရောက်ရင် မန်းရှာနဲ့အိမ်ချင်းကပ်လျှက်နေတဲ့ ခွန်မားကိုဘန်းအိမ်မှာ တည်းခိုတာများတယ်။ အဲဒီနေကလည်း ကျွန်တော်က အဲဒီအိမ်မှာ။

သူ့ကို မအူပင်ခရိုင် တောကျောင်းမှာ မွေးတယ်။ ရန်ကုန်တက္ကသိုလ်က သမိုင်းအဓိကနဲ့ဘွဲရတယ်။ ပညာသင်ပြီးနောက် KNU ထဲဝင်တယ်။ နောက်ဆုံးမှာ အထွေထွေအတွင်းရေးမှူးဖြစ်လာတယ်။

ပဒို မန်းရှာ ဟာ ကရင့်နယ်မြေမှာ အခြေစိုက်ကြတဲ့ ကရင်မဟုတ်တဲ့ အဖွဲ့တွေအားလုံးနဲ့ ဆက်ဆံရေးမှာ အကောင်းဆုံး ပုဂ္ဂိုလ်လည်းဖြစ်တယ်။ စာလည်းဖတ်တယ်။ အမြင်ကျယ်တယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကောင်းတဲ့ကဗျည်းထိုးခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် သူကျဆုံးတာ ၁၁ နှစ်ရှိသွားပြီ။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၅

၁၃-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး