ပျားနှင့် တမာ

ပျားရည်တစက်၊ နည်းစွာလျက်လည်း
ချိုမြက်ရသာ ရတုံပါ၏။

တမာတရွက်၊ နုစွာလျက်လည်း
ညက်ညက်ကြိတ်ဝါး အတွင်ခါး၏။

ကလေးအရွယ်၊ လူမမယ်လည်း
ငယ်သော်ငယ်က ဇာတိပြ၏။

မွေးဘရင်းနှစ်၊ ရွှေရောင်ရစ်နှင့်
အချစ်စွေဖြိုး၊ ပန်းနှယ်ပျိုးတည့်
မြတ်နိုးကြင်နာ၊ သားရွှေဝါသည်
တမာလေလား၊ ပျားပေလား။

ရွှေဥဒေါင်း၏ တသက်တာမှတ်တမ်း အတွေးအခေါ်များ

တထောင့်တည သခင်ဘသောင်း

မြန်မာစာ တမာလေလား၊ ပျားပေလား။

ပုံတွေပို့ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး