တပို့တွဲလဖွဲ့ ရတု

ခြောက်ပါးသာကြည်၊ တံဆိပ်မည်နှင့်၊ ခြောက်ပြည်ဘုံလုံး၊ စိုးယူကျုံးသည်၊ လက်ရုံးတထောင်၊ ထွတ်ဘုန်းခေါင်၊ ဝန်းမြောင်ပတ်ကုံး၊ ရှုမဆုံးအောင်၊ မီးပုံးပွဲနှင့်၊ ယှဉ်၍ပွင့်သား၊ ပင်မြင့်နီမြန်း၊ သည်လပန်းကို၊ ဦးစွန်းရွက်ကာ၊ ဆက်တိုင်းပါရှင့်၊ တိမ်ပြာညို့ညို့၊ ကိုးတောင်ပို့နှင့်၊ ရွှေမြို့သာစည်၊ မြတ်သည့်ပြည်က၊ ရွှေခြည်မပြောင်း၊ စိတ်အပေါင်းသည်။   ။ နွဲ့နောင်းခေါက်တုံတင်ကိုလည်း။

လျှောက်ထားပါမည်၊ ရဲစွမ်းရည်နှင့်၊ မူနည်ညံ့ပျောင်း၊ မတ်ကြီးလောင်းလျှင်၊ ချစ်ကြောင်းကြိမ်ဖန်၊ အတန်တန်တည့်၊ ယုံကျွန်ထွေပြား၊ လျှောက်ဖန်များလည်း၊ နဂါးရာဇာ၊ လှည့်လည်ကာလျှင်၊ နေရာပြောင်းရွေ့၊ ငါးကြိမ်စေ့တွင်၊ သိမ်မွေ့တော့သည်၊ ဖြောင့်သားမည်ဟု၊ ချစ်ရည်တူဘိ၊ အများသိမှ၊ ကတိမမှန်၊ ယွင်းဖောက်ပြန်ခဲ့၊ ရှေးဟန်ချစ်ကြောင်း၊ ဆုယူတောင်းသည်။   ။ ဖွဲ့ပေါင်းခြောက်စုံရှင်ကိုလည်း။ ။ (နဝဒေး)

မြန်မာစာ လက်ရုံးတထောင်အား ပြန်၍ပြည့်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
မြူ မင်းလွင်‎ ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး