B ဘီရောဂါ အသည်းရောင်တာမဟုတ်

ဆရာရှင့် သမီး allergic ဖြစ်လို့ သန်ချဆေးသောက်ထားတာ ၂ပတ်ရှိပါပြီ ဒီဆေးသောက်ထားပါတယ်ရှင့် အစားအသောက်ကြောင့်လား ဆံပင်ဖြောင့်မိလို့လားမသိဘူး Allgeric ဖြစ်တာ ဆယ်ရက်ကျော်ပါဘီဆရာ ဆရာဝန်ပေးထားတဲ့ P.B lamin lotion လိမ်းပြီး Cetrine နဲ့အမျိုးအစားတူတဲ့ဆေးလဲသောက်ပါတယ် အရှင်းမပျောက်သေးပါဘူးရှင့် ဘာဆက်သောက်ရမလဲ ညွှန်ကြားပေးပါရှင့်

သမီးဆိုသူ အသက် မသိ။ တခြားအချက်အလက်တွေ မသိ။ ဘီ မဟုတ်။ ပြီလို့ရေးရ။ ဘီဆိုရင် အသဲရောင်ဘီကို အရင်စဉ်းစားရတယ်။ အလာဂျီရစေနိုင်တဲ့အကြောင်းတွေ များတယ်။

Allergy Triggers အလာဂျီရစေတတ်တဲ့ အကြောင်းတရားများ https://doctortintswe.blogspot.com/2014/10/allergy-triggers.html

အသက် ၂၇ အပျို ပါရှင့် မတ်လ  ၉ရက်နေ့မှာ မင်္ဂလာဆောင်တော့မှာမို့ အိမ်ထောင်ပြု ပီးရင် Allergy မပျောက်သေးဘဲ သန္ဓေတားဆေးသောက်လို့ရမရ လဲသိချင်ပါတယ်ရှင့်

အဖြေစာမှာ အလာဂျီရစေတဲ့အကြောင်းတွေပါရှိ။ မေးတဲ့သူက ဘာကို မတည့် မသိ။ မသောက်သေးတဲ့ဆေး အလာဂျီရ မရ မသိနိုင်။

Chemical fumesကြောင့်လို့ထင်ပါတယ်ဆရာ ဆံပင်ဖြောင့်ဆေးနံ့ရှူးနေတူန်း မျက်ရည်တွေနှာရည်တွေကျပါတယ်
အိမ်ပြန်ရောက်တော့ allergy စဖြစ်ပါတယ်

ဆရာရှင့် allergy ပျောက်စေရန် မည်သည့်ဆေးသောက်ရမည်ကို ညွှန်ကြားပေးပါရှင့်

လင့်ပို့ထားပြီး။ ဖတ် မဖတ် မသိ။ မဖတ်လိုက မမေးပါရန်။

ဖတ်ပြီးပါဘီဆရာရှင့် font က သမီးဆီမှာဒီလိုပေါ်ပါတယ်

Font and Phone ဖတ်မရဆိုသူများခင်ဗျား https://doctortintswe.blogspot.com/2019/02/font-and-phone_26.html

ဘီ မဟုတ်။ ပြီလို့ရေးရ။ ဘီဆိုရင် အသဲရောင်ဘီကို အရင်စဉ်းစားရတယ်လို့ဖြေထားပြီး။

Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html

Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html

Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://doctortintswe.blogspot.com/2014/10/allergy-triggers.html

Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html

Allergy အလာဂျီ သို့မဟုတ် မတည့်အတူနေ https://doctortintswe.blogspot.com/2018/08/allergy.html

Cetrizine တည တပြား https://doctortintswe.blogspot.com/2018/07/cetrizine_2.html

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး