Vintage Letters စာအပြန်အလှန်ရေးသားခြင်း

လူထုဦးလှနဲ့ ဒေါ်အမာ၊ ရည်းစားစာအစောင် ၁၅ဝဝ ရေးတဲ့ ချစ်သူများလို့ ဘီဘီစီမြန်မာပိုင်းမှာ ရေးထားတယ်။

တိုက်ဆိုင်တာပဲ။ ကနေ့လည်း ကျောင်းမှာ အမေရိကန်သမတ ဂျွန်အဒမ်စ်အကြောင်းသင်တယ်။ လာမဲ့တနင်္လာနေ့က သမတများနေ့ဖြစ်လို့ အမေရိကန်သမတတွေအကြောင်း သင်နေတာ။ ဂျွန်အဒမ်စ် (၁၇၃၅-၁၈၂၆) က ဂျော့ဝါရှင်တန် နောက်မှာ ဒုတိယမြောက်သမတ။ သူ့ဇနီက အဘီဂျေးလ်စမစ်အဒမ်စ်။ သူတို့နှစ်ယောက်ကလည်း စာပေါင်း ၁၁၆၀ စောင် ရေးခဲ့ကြပါသတဲ့။

သူတို့ရေးတာတွေက နွေးနွေးထွေးထွေးနဲ့ အကြောင်းအချက်အလက်တွေပါတယ်လို့ဆိုပါတယ်။ ဂျွန်က ဥရောပနေ ရေးတာတွေလည်းပါတယ်။ သူ့ဇနီးကတော့ ကလေးတွေအကြောင်း၊ လယ်ယာတွေအကြောင်းရေးတယ်။ ကလေးက ၅ ယောက်မွေးတာ။ သားတယောက်က ဆဋ္ဌမမြောက်သမတဖြစ်လာတယ်။

သူ့လက်ထက်မှာ အိမ်ဖြူတော်အပြီးသတ်တယ်။ ဂျွန်အဒမ်စ်က ဤအမိုးအောက်မှာ ဉာဏ်ပညာနဲ့ပြည့်စုံပြီး ရိုးသားသောသူ အုပ်ချုပ်နိုင်ပါစေသတည်းလို့ စာတစောင်မှာ ရေးထားတယ်။

ခုခေတ်မှာတော့ သမတမဟုတ်သူတွေက မက်ဆေ့ခ်ျပေါင်း ရာထောင်သောင်းရေးနိုင်ကြပါတယ်။

မြန်မာပြည်အထက်က မိုးကောင်းကင်ကြီးအောက်မှာ ဉာဏ်ပညာနဲ့ပြည့်စုံပြီး ရိုးသားသောသူတွေ များပါစေသတည်း

ဒေါက်တာတင့်ဆွေ
၁၃-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး