Mount Rushmore သမတများနေ့

နှစ်စဉ် ဖေဖေါ်ဝါရီလ တတိယတနင်္လာနေ့ကို အမေရိကန်သမတများနေ့လို့ သတ်မှတ်ထားပါတယ်။ ဝါရှင်တန် မွေးလပါ။ သူ့မွေးနေ့က ၁၇၃၂ ခုနှစ် ဖေဖေါ်ဝါရီ (၂၂) ၇က်ပါ။ ဂျော့ခ်ျ ဝါရှင်တန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၈၈၅ ခုနှစ်မှာ အဲလို သတ်မှတ်ခဲ့တာပါ။ အဲဒီနှစ်မှာ မြန်မာတပြည်လုံး ဗြိတိသျှလက်အောက် ရောက်ခဲ့ပါတယ်။

Mount Rushmore မောင့်ရပ်ရှ်မိုး ခေါ်တဲ့ကျောက်တောင်ကြီးနံရံမှာ အမေရိကန်သမတ ၄ ဦးပုံ ထုလုပ်ထားတယ်။ တောင်ဒါကိုတာပြည်နယ်မှာရှိတယ်။ ဂျော့ဝါရှင်တန်၊ သောမတ်စ်ဂျက်ဖာဆန်၊ သီယိုဒိုရုစ်ဗဲ့လ်နဲ့ အေဘရဟမ်လင်ကန်းတို့ ဖြစ်ပါတယ်။

ကျောက်ပန်းပုဆရာအမည်က ဂတ်ဇုန်ဘော့ဂလမ်။ လူ ၄၀၀ နဲ့ ၁၉၂၇ ကနေ ၁၉၄၁ နှစ်ခုနှစ်အထိ၊ ၁၄ နှစ်ကြာအောင် ထုလုပ်ခဲ့ရပါသတဲ့။

မြန်မာပြည်မှာ ဘုရင်ရုပ်တုတွေတော့ရှိတယ်။ ဘုရင်များနေ့ မရှိပါ။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၆
၁၅-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး