ကိုအံ့ကြီး

သတင်း = ဦးအံ့ကြီး၊ အသက် (၉၅) နှစ်၊ ၂၃-၆-၂၀၁၇  ရက်၊ ည၉နာရီ၊ ၂၅မိနစ်တွင် ကွယ်လွန်

ကျွန်တော်ကတော့ ကိုအံ့ကြီးလို့သာ သုံးချင်တယ်။ အနုပညာရှင်တွေ ဘယ်အရွယ်ရှိရှိ ဦး-ဒေါ် တပ်ခေါ်လေ့၊ ပြောင်းခေါ်လေ့ မရှိပါ။ ကျွန်တော်တို့က ကိုအံ့ကြီးသီချင်းတွေနဲ့ ကြီးပြင်းလာတာ။ အရင်သီချင်းတွေကို နောက်အဆိုတော်တွေက ပြန်ဆိုကြတယ်။ ကောင်းကြပါတယ်။ အရင်ဆုံးဆိုသူကိုတော့ မီတယ်မထင်ပါ။ ခေတ်မီ နဲ့ ခေတ်မှီသတ်ပုံစာရေးစဉ်က ကိုအံကြီးသီချင်း တပုဒ်ကို လင့်ထည့်ပေးခဲ့သေးတယ်။

အရင်က ခေတ်အားလျော်စွာလို့ သုံးခဲ့ပါတယ်။ ခေတ်ကာလ၊ ခေတ္တခဏ၊ ခေတ်ကောင်း၊ ခေတ်ဆိုး၊ ခေတ်စကား၊ ခေတ်ဆန်သည်၊ သူ့ခေတ်နှင့်သူ၊ သရေခေတ္တရာ။

မီဆိုတာ မတိုင်ခင်ကသဘောမှာ သုံးတယ်။ မ နဲ့တွဲပြီး မလာမီ၊ မပြောမီ၊ မတိုင်မီ။ နိုင်သည်သဘောလည်း သုံးတယ်။ လှမ်းယူလို့ ရနိုင်သည်၊ လိုက်လို့ရနိုင်သည်။ ခေတ်မီဆိုရင် ခေတ်ကိုလိုက်နိုင်သည်ဖြစ်တယ်။ ခေတ်မီလို့ရေးပြီး ခေတ်မှီလို့ အသံထွက်ကြတယ်။ မှီကို အားကိုးအားထားပြုသည်မှာ သုံးတယ်။

မီ
မစားသောက်မီ
မဆိုမီ
မကြာမီ
မအိပ်မီ
မီမီ (မြီမြီ) = ကြောင်ခေါ်သံ
မီအောင်လိုက်ဆို
မပြောမီ
လိုက်လို့မမီ
အချိန်မရောက်မီ
ခေတ်မီ
ရှေးမီနောက်မီ

မှီ
တိုင်ကိုမှီ၍ ရပ်နေသည်
မှီကပ်နေရသည်
မှီခိုနေရသည်
မှီတင်းနေထိုင်ကြသည်
မှီငြမ်းပြုသည်
မှီဝဲသည်
မှီအုံး

မောင်ပန်းမွှေး ယုန်လိုက်တယ်။ တောကျောင်းဘုန်းကြီး မြင်လိုက်တယ်။ လိုက်ကြပါလား တပည့်များ။ လိုက်လို့မမီ ပြေးပြန်ပြီ။ (အမည်မသိစာဆို)

ခေတ်မီမီ ကမ္ဘာကြီးရှုမြင့့် ခေတ်ရော ရှေးမီ သမားကျော်များပင့့်

ကိုအံ့ကြီး - လူချွှန်လူကောင်း https://www.youtube.com/watch?v=SSc8clgK3oE

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး