Fake Letter အတုလုပ်သူ မြတ်၏

စာအစစ်လား၊ အတုလားဆိုတာတွေ ဖတ်နေရတယ်။ အဲလိုပဲလို့ပြောတော့ ဒေါ်မြမြအေးက ပြန်ပြောတယ်။ ကိုယ်တောင်မှ စာအတုနဲ့ အမှုဖြစ်ခဲ့သေးတာပဲ။ ဒေါ်စုဆိုတော့ ပြောမနေနဲ့တဲ့။

ကျွန်တော် အိန္ဒိယနိုင်ငံမှာ အဝေးရောက် ဒါမှမဟုတ် စင်ပြိုင်အစိုးရတာဝန်ယူခဲ့ရပါတယ်။ အဲဒီအချိန်က ဒေလီမြို့မှာ ရောက်နေသူတိုင်းက နိုင်ငံရေးသမားချည်းပဲ။ တိုင်းရင်းသားတွေလည်း ရှိတယ်။

ကျွန်တော်ကနေ အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဆီကို ချင်းလူမျိုးတွေက ဘာဖြစ်တယ်၊ ဘာဖြစ်တယ်လို့ စာရေးတယ်ဆိုတဲ့သတင်း တမဟုတ်ချင်းပြန့်လာတယ်။ လက်မှတ်က ကျွန်တော့်လက်မှတ်။ မကြာခင်မှာ လူထုအစည်းကြီးခေါ်ပြီး တရားခံစစ်စစ်ခံရတယ်။

အတော်တော့ကြာပြီ။ အီးမေးလ် မပေါ်သေး။ ဖိုတိုကော်ပီစက်သာ အားကိုရတဲ့ခေတ်။ ဖိုတိုရှော့မရှိသေး။ ကျွန်တော့်လက်မှတ်ကို ဖိုတိုကော်ပီပညာနဲ့လုပ်ထားတာ။ ဝန်ကြီးချုပ်က စာမရကြောင်းပြောတယ်။

အဲဒီ တရားစီရင်ပွဲကြီးမှာ တချို့လည်း ကျွန်တော်ရေးတာ ဟုတ်လေမလား။ စီရင်ချက်တော့မရှိ။ သံသယအကျိုးခံစားရတယ်။

သံသယအကျိုးဆိုတာ အမှားနဲ့တရားစွဲသူရော၊ စွပ်စွဲခံရတဲ့ ကံဆိုးသူပါ၊ ဆတူခံစားရတယ်။ အတုလုပ်သူ မြတ်တယ်။ မှန်ပေမယ့် ကျွန်တော့်သိက္ခာ ငါးဆယ်သား လူခိုးခံလိုက်ရတယ်။ အနှစ် ၂ဝ ကျော်တာတောင် ငါးကျပ်သားလောက်က ပြန်မရသေးဘူး။

ကွန်မင့်မှာ မရှင်းလို့မေးကြသူတွေ - အဖြစ်အပျက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာဖြစ်ခဲ့တာပါ။ ယူအက်စ်အေမှာ မဟုတ်ပါ။ ဒေလီမှာ ချင်းကွန်မြူနတီကများလို့ ကျွန်တော် ဗမာ၊ အင်နယ်လ်ဒီကို ချင်းကွန်မြူနတီကလက်မခံအောင် ချောက်တွန်းတာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး