Happy Doctor's Day ဆရာဝန်များနေ့

ဆရာဝန်ကျွန်တော် ဒေါက်တာ့စ်ဒေးကို သတိမထားမိပါ။ ၃ နှစ်တိတိက ဒီစာလေးရေးထားတယ်။ အခုပဲ နယူးဒေလီကနေ ယက်ပီး ဒေါက်တာ့စ်ဒေး နှုတ်ခွန်းဆက်စာပို့တာရမှ သတိရတယ်။ အိန္ဒိယမှာနေစဉ်က နိုင်ငံရေးနဲ့ လူမှုရေးအလုပ်တွေမှာ အတူတွဲလုပ်ခဲ့တဲ့ Dr. Alana Golmei ကို ကျေးဇူးတင်တယ်။ သူက ဆရာဝန်မဟုတ်ပါ။ နိုင်ငံရေးသိပ္ပံနဲ့ ပါရဂူဘွဲ့ ရထားတာ။ BCD အဖွဲ့မှာ ကျွန်တော်က လူကြီး၊ သူက ဒါရိုက်တာ။ သူက အိန္ဒိယနာဂအမျိုးသမီး။

ဇူလိုင်လ (၁) ရက်နေ့ဟာ ဆရာဝန်များနေ့ဖြစ်တယ်။ နိုင်ငံတိုင်းမှာတော့ မဟုတ်ပါ။ အိန္ဒိယမှာက ဒီနေ့ဖြစ်ပါတယ်။

• အမေရိကားမှာတော့ National Doctors' Day အမျိုးသား (နိုင်ငံ) ဆရာဝန်နေ့ကို မတ်လ (၃ဝ) ရက်ကို သတ်မှတ်ဘို့ သမတ ဂျော့ခ်ျ ဘွတ် လက်ထက်က ဥပဒေနဲ့ပြဌာန်းခဲ့ပြီး ၁၉၉၃ ကစပြီး ကျင်းပကြတယ်။
• ကျူးဘားမှာ ဒီဇင်္ဘာ (၃) ရက်။
• အီရန်မှာ သြဂုတ် (၂၃) ရက်။
• ဗီယက်နမ်မှာ ဖေဖေါ်ဝါရီ (၂၇) ရက်။

မြန်မာပြည်မှာတော့ ခုတလော ဆရာဝန်တွေ ကံကောင်းပုံမရ။ ဆောရီး။ ဟက်ပီးနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၄
၁-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး