Happy National Pink Day ပန်းရောင်နေ့

ဇွန်လ (၂၃) ရက်နေ့ဟာ ယူအက်စ်အေမှာ ပန်းရောင်နေ့တဲ့။ မနှစ်က ထိုင်းခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပန်းရောင်ဝတ်ထားတာတွေ့တယ်။ ကျွန်တော်က တိုက်ဆိုင်နေတာတောင်မှ အဲလိုသတင်းကို ဂုဏ်တင်ပြီးရေးလေ့မရှိပါ။ ဒါဖြင့် ဘာလို့ရေးတာလည့်း့

နေရတာက ဒီတိုင်းပြည်ပေမယ့် ပန်းရောင်နေ့လို့ သိမထားပါ။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်ခုန်စရာပုံတွေကြားထဲမှာ ဒေါ်စုရဲ့ ထိုင်းခရီးစဉ်မတိုင်ခင်လေးမှာ မိတ်ဆွေတယောက်ကနေ အသိပေးတယ်။ ဆရာ  ဒေါ်စုကို ရစရာမရှိရေးထားတယ်တဲ့။ ဘယ်သူလဲ။ နာမည်တခု ပြောပြတယ်။ အော် သူက့ နိုင်ငံကို ဒေါ်စု လာတုန်းကတော့ ကြိုဆိုရေးမှာ လူကြီးနေရာဝင်ယူခဲ့သူပေါ့။

ကျွန်တော်က အနှစ်နှစ်ဆယ်ကျော် နိုင်ငံရေးထဲလုပ်ခဲ့တာဖြစ်လို့ လူတွေရဲ့နောက်ခံတွေသာမက အတွင်းစိတ်နဲ့ လုပ်ရပ်တွေကိုပါ သိနေတယ်။ မသိတဲ့သူတွေနဲ့ နောက်မှပြည်ပရောက်လာသူတွေက အဲလိုလူမျိုးကို ဆရာတင်ကြတယ်။ ရေဒီယိုတွေကလည်း ဗျူးကြတယ်။ ကျွန်တော်က အဲလိုဟာမျိုးတွေရေးဘို့ အချိန်သိပ်မသုံးပါ။ ကျွန်တော့်ကိုပါ မလိုတမာ ရေးကောင်းရေးကြမယ်။ မသိပါ။

ပန်းရောင်ဟာ ကရုဏာထားခြင်း၊ ပြုစုပျိုးထောင်ခြင်းနဲ့ မေတ္တာတရားကို ကိုယ်စားပြုတယ်။ မြန်မာပြည်မှာ သန့်ရှင်းတဲ့ ပန်းရောင်တွေ လွှမ်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၆
၂၃-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး