Not Yet Friend ဖရင်း မဟုတ်သေးသူတွေက မေးရင်

ကွန်မင့်ကနေ မေးတာ သုံးခု ကနေ့ရတယ်။

၁။ TharThar Lay ဆရာသမီးညီမလေးလက်မှာ အရေကြည်ဘုလေးတွေကနေ လက်မအသားတွေစားနေတယ်ဆရာ ခုဆို ဖ၀ါး နှစ်ဖက်စလုံးနဲ့ ခြေဖ၀ါး နှစ်ဖက်လုံးမှာ အရေကြည်ဘုတွေထနေတယ်ဆရာ ဆေးရုံပြတော့လဲ ဘာမှမပြောဘဲ လိမ်ဆေး သောက်ဘဲပေးလိုက်တယ်ဘာ ဖြစ်မြန်းလဲမသိရဘူးဆရာ ခုဆိုဘုတွေကပိုဆိုးနေလို့ အသက်စိုးရိမ်ရလားဆရာရှင့်

Tint Swe အခုလိုက်ရှာတာ မေးထားတာ တွေ့တယ်။ ဖရင်းမဟုတ်သူတွေကနေ စာရေးရင် ဆရာက မသိနိုင်။ လိုက်ရှာပြီး Accept လုပ်မှာသာ တွေ့တယ်။ အဲလိုတွေလိုက်လုပ်ရတာ တထောင်ကျော်ရှိတယ်။ ခဏနေမှ မေးနည်းစည်းကမ်းပါ အချက်အလက်စုံပါရင် ဖြေပါမယ်။

TharThar Lay ကျေးဇူးပါဆရာ

အဖြေ = ကင်ဆာ မဖြစ်လောက်။ ဘာလဲ သေချာ မသိသေး။ အရည်ကြည်ဖုဆိုတာ ရေယုံကို အရင်စဉ်းစားရ။ ရေယုံက လက်ဖဝါး မပေါက်။ ရိုးရိုးအရေပြားမှာသာပေါင်။ အသက်ကို နောက်မှရေးတာတိုင်း ၂ ခေါက်ဖတ်ရတယ်။

၂။ Nu Nu Winn ဆရာ မက်ဆင်ဂျာကနေမေးထားပါတယ်ရှင့် သုံးရက်လောက်ရှိပါပြီ friမဟုတ်လို့ မဖြေတာလို့ထင်နေတာ အခုမှဆရာ့အခက်အခဲကို သိရလို့ အားနာလိုက်တာ

Tint Swe အခုလိုက်ရှာတာ မေးထားတာ တွေ့တယ်။ ဖရင်းမဟုတ်သူတွေကနေ စာရေးရင် ဆရာက မသိနိုင်။ လိုက်ရှာပြီး Accept လုပ်မှာသာ တွေ့တယ်။ အဲလိုတွေလိုက်လုပ်ရတာ တထောင်ကျော်ရှိတယ်။ ခဏနေမှ မေးနည်းစည်းကမ်းပါ အချက်အလက်စုံပါရင် ဖြေပါမယ်။

ဖြေလိုက်ပြီး။ http://doctortintswe.blogspot.com/2014/12/mid-back-pain.html

၃။ Khin Swe Thin ဆရာကိုchat boxကနေကျန်းမာရေးလေးအကြောင်းမေးဖူးတယ် Replyမပြန်ဘူး😢

Tint Swe မေးခွန်း မတွေ့ပါ။ Nu Nu Winn စာလုံးပေါ်နှိပ်ပြီး မက်ဆေ့ဘောက်စ်ကိုရှာတယ်။ တွေ့တယ်။ မေးခွန်းမရှိပါ။

၎။ စိုင်း ဆိုက် စိန် မင်္ဂလာပါ ဆရာ။ messager ကနေ ကျွန်တော် Question ပို့ထားပါတယ်။ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။

Tint Swe နာမည်ကိုနှိပ်ရှာတယ်။ မက်ဆေ့ခ်ျထဲမှာ မေးခွန်း မတွေ့။

ဖရင်းမဟုတ်သေးသူတွေကနေ စာရေးရင် ဖစ်လ်တာ မက်ဆေ့ခ်ျလို့ခေါ်သတဲ့။ လိုက်ရှာရသတဲ့။ တွေ့ရင် အဆက်ပ် လုပ်ရသတဲ့။ အဲဒီပညာ တတ်တာမကြာသေး။ သူများတွေကသင်ပေးလို့ သိကတည်းက အားတိုင်းလိုက်လိုက်ရှာတယ်။ နောက်ပြန် တနှစ်စာ တထောင်ကျော်တော့ မောသွားပြီ။ ကျန်နေဦးမယ်။ ဆောရီး။

ကွန်မင့်ကမေးတာကို နာမည်ကိုနှိပ်ရှာပေမယ့် မက်ဆေ့ခ်ျဘောက်စ် မရှိသူတွေလည်း တွေ့ရတယ်။ မက်ဆင်ဂျာ ထည့်မထားလို့ ထင်တယ်။ သိပ်တော့ မသိပါ။ ဆောရီး။ တချို့ကလည်း အထင်လွဲကြတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး