Unbiased ခေတ်သစ် ဘက်မလိုက်လှုပ်ရှားမှု

ဒေါ်အောင်ဆန်းစုကြည် ဆယ်နှစ်သမီးလောက်က ၄-၉-၁၉၅၅ နေ့စွဲနဲ့ရေးတဲ့လက်ရေးမူနဲ့ ပို့စ်တင်ထားတာ တွေ့တယ်။ တအိမ်သားလုံးလို့ ရေးထားတယ်။ ဒေါ်ခင်ဝင်းရေးတဲ့စာအုပ်ထဲမှာတော့ ဒေါ်စုကြီးမှရေးတဲ့ လက်ရေးနဲ့စာထဲမှာ တစ် သုံးထားတယ်ထင်တယ်။ ပြန်ရှာတာ မလွယ်သေးလို့။

ဒေါ်မြမြအေးက ကျွန်တော့်ပို့စ်အောက်က ကွန်မင့်တွေကို လိုက်ဖတ်တယ်။ အသိတွေတင်တဲ့ ပို့စ်တွေလည်း ဖတ်တယ်။ ဘယ်သူတွေက တသတ်ပုံ။ ဘယ်သူတွေက တစ်သတ်ပုံ အကုန်ပြန်ပြောလေ့ရှိတယ်။ အမျိုးတွေလည်းပါတယ်။ မုံရွာက တူအရင်းတယောက်ကတော့ တစ်နေတုန်းပဲ။ ကျွန်တော်က မျက်နှာလိုက်တာမဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၇
ည ၁၁ နာရီ၊ ၂၇ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး