After Stroke လေဖြတ်ပြီးနောက်

ကျွန်တော့်အသိ အဖွားတယောက် အသက် ၈၀ပါ။ မနေ့ညက မခံမရပ်နိုင်အောင်အမောဖောက်လာတော့ ဆေးရုံတင်လိုက်ရပါတယ် နှလုံးသွေးကြော ၂ချောင်းပိတ်နေတယ်ပြောပါတယ် ဗိုက်ကို တနေ့တလုံးနှုန်းနဲ့ဆေး ၅ရက် ထိုးရမယ်လို့ပြောပါတယ်။ အဲလိုနဲ့ ဆေးရုံမှာကုသနေရင်း လေဖြတ်သွားပါတယ်။ ခန္ဓာကိုယ် ဘယ်ဘက်တခြမ်းက လှုပ်လို့မရသလို မျက်လုံးကလည်း ဘယ်ဘယ်ကိုမကြည့်နိုင်တော့ပါဘူး။ စကားလည်းမပြောနိုင်တော့ပါဘူး။ အကြောင်းအရင်းကို သက်ဆိုင်ရာဆရာဝန်ကိုမေးကြည့်တော့ နှလုံးသွေးကြော နောက်ထပ် တချောင်းထပ်ပိတ်သွားတယ်။ ဦးနှောက်သွေးကြောပါပိတ်သွားလို့တယ်ပြောပါတယ်။ သူ့မှာ သွေးတိုး/နှလုံး/ဆီးချိုရောဂါ အခံတွေလည်းရှိပါတယ်။ အဲဒါ ပြန်ကောင်းလာနိုင်ပါသလား ဆရာ။ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဗဟုသုတအဖြစ်သိလိုပါတယ်ဆရာ

လေဖြတ်ရင် ဘယ်လိုခံစားရမလဲ
ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဖြစ်သလဲအပေါ် မူတည်တယ်။ တချို့မှာ ဖြစ်တာမသိဘဲ နေတတ်တယ်။ ဖြစ်တာက ရုတ်တရက်ဘဲ။ ဖြစ်စ ၁ ရက် ၂ ရက်မှာ ဖြစ်လိုက် ပေါ်လိုက်လဲ ဖြစ်နိုင်တယ်။ ပဌမဆုံး အကြိမ်က ခံစားရတာ အပြင်းဆုံးဘဲ။ ဒါပေမဲ့နောက်ဖြစ်ရင် ဆိုးဆိုးလာတော့မယ်။

ခေါင်းကိုက်မယ်။ ရုတ်တရက်ဖြစ်မယ်။ ပက်လက်လှဲချိန် ဖြစ်တယ်။ အိပ်ရာကနေ နိုးလာမယ်။ အနေအထား ပြောင်းတာနဲ့ ပိုဆိုးမယ်။ ခေါင်းမူးနေမယ်၊ အိပ်ချင်နေမယ်၊ သတိမကောင်းဖြစ်မယ်၊ သတိလစ်မယ်၊ နားကောင်းကောင်း မကြားဖြစ်မယ်၊ အရသာ မကောင်း ဖြစ်မယ်၊ စိတ်ရှုတ်ထွေးနေမယ်၊ နာတာ-ထိတာ-ဖိတာကို ခံစားမှု၊ အပူ-အအေးသိတာ အရင်လိုမဟုတ်ဖြစ်မယ်၊ အမျိုရခက်မယ်၊ စာအရေးရ အဖတ်ရခက်မယ်၊ ဆီး-ဝမ်းအသွားရ အထိန်းရခက်မယ်၊ ကိုယ်ကို ထိန်းမတ်လို့ မရဖြစ်မယ်၊ အပြန်အလှန်ထိန်းညှိ မကောင်းဖြစ်မယ်၊ မျက်နှာ-ခြေ-လက် ကြွက်သားတွေ အားနည်းမယ် (တဘက်ထဲဖြစ်တာ များတယ်)၊ ထုံကျဉ်နေမယ် (တဘက်ထဲဖြစ်တာ များတယ်)၊ ကိုယ်ကို မထိန်းနိုင်တာ၊ လမ်းမလျှောက်နိုင် ဖြစ်မယ်။ ကိုယ်တခြမ်း လေဖြတ်တယ်လို့ ခေါ်တယ်။ စိတ်လှုတ်ရှားမှု၊ စိတ်ပုံစံ ပြောင်းမယ်၊ စကားပြောရခက်မယ်၊ သူများပြောတာကို နားမလည်ဖြစ်မယ်၊ မျက်ခွံအောက်ကျနေမယ်၊ မျက်စိကို လှုပ်မရဘူး၊ သူငယ်အိမ်ဟာ အလင်းရောင်ကို တုန့်ပြန်တာ နှေးမယ်၊ မျက်စိ အကြည့်ရခက်မယ်၊ နှလုံးခုန်နဲ့ အသက်ရှူ မမှန်တာ၊ ခေါင်းကို တဖက်ဖက်ကို ကောင်းကောင်းလှည့်မရတာ၊ လျှာကိုကောင်းကောင်း အသုံးမချနိုင်ဘူး၊ မှတ်ဥာဏ်လျှော့မယ်။

ထိရောက်အောင်ကုသပေးနနိုင်တဲ့နေရာတွေမှာ လေဖြတ်သူလူနာ ၁၀% ဟာ လုံးဝပြန်ကောင်းကြတယ်။ ၂၅% ဟာ သာမန်အဆင့်အားနည်းချက်တွေကျန်နေတယ်။ ၄၀% တိုးဟာ အသင့်အတင့်နဲ့ ဆိုးဝါးတာတွေကျန်ရစ်တယ်။ ၁၀% တို့ဟာ အထူးပြုစုရေးဌာနမှာနေထိုင်ကြရတယ်။ ၁၅% ဟာ လေဖြတ်ပြီး မကြာခင် ကွယ်လွန်ကြတယ်။

လေဖြတ်ပြီးစ သက်သာလာတယ်ဆိုတာ ဦးနှောက်ရောင်နေတာကျလာလို့၊ အဆိပ်လိုဖြစ်တာတွေ ဖယ်ရှားနိုင်လို့နဲ့ သွေးပုံမှန်လှည့်နိုင်လာလို့ဖြစ်တယ်။ ဦးနှောက်ရောင်တာက ၂၄ နာရီနဲ့ ၄၈ နာရီအတွင်းဖြစ်တယ်။ ရက်သတ္တပတ်တွေ ကြာနိုင်တယ်။ ဖြစ်ပြီး ၃-၄ လအတွင်း သက်သာလာတာတွေရှိမယ်။ ဒိနောက်မှာ တဖြည်းဖြည်းသာသက်သာမယ်။

လေဖြတ်ပြီးနောက် အများစုဟာ စိတ်ပိုင်းထိခိုက်တာပါခံကြရတယ်။ အမူအယာပုံစံ ပြောင်းလာတယ်။ မေ့တတ်လာတယ်။ စိတ်တိုတတ်တယ်။ စိတ်ရှုတ်ထွေးနေမယ်။ စိုးရိမ်စိတ်ကဲနိုင်တယ်။ စိတ်ဓါတ်ကျနိုင်တယ်။

လေ့လာမှုတခုမှာ သွေးကြောပိတ်လို့လေဖြတ်သူ ၆၀% နဲ့ သွေးယိုလို့လေဖြတ်သူ ၃၈% တို့ဟာ တနှစ်ကြာ အသက်ရှင်တယ်။ သွေးကြောပိတ်လို့လေဖြတ်သူ ၃၁% နဲ့ သွေးယိုလို့လေဖြတ်သူ ၂၄% တို့က ၅ နှစ်အထိ နေနိုင်ကြတယ်။ ယေဘုယျ အသက်တိုကြတယ်။

လေဖြတ်လို့ အသက်ဆုံးပါးတာမှာ ယောက်ျားတွေမှာ ပိုတွေ့ရတယ်။ ယူအက်စ်မှာ သေဆုံးရတဲ့အကြောင်းတွေထဲမှာ ပဉ္စမလိုက်တယ်။

Stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း https://doctortintswe.blogspot.com/2014/11/stroke_22.html

ဒေါက်တာတင့်ဆွေ
၈-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး