Viagra သန်မာစေတဲ့ဆေး


ပန်းသေ-ပန်းညှိုးဖြစ်တာကို ကုစားနည်းတွေ ကြိုးစားပမ်းစား ရှာဖွေခဲ့ကြရတယ်။ နောက်ဆုံးပေါ်လဲဖြစ် နောက်ထပ် ပေါ်စရာမလိုတော့ဘူး ပြောနိုင်မဲ့ Viagra ဆေးကို ၁၉၉၈ မတ်လ ၂၇ ရက်ကစပြီး ဆိုင်တင်ခဲ့ပါပြီ။ ဆေးက တကယ် အစွမ်းထက်သလို ဘေးထွက်ဆိုးကျိုးက သိပ်ထူးလှတာ မဟုတ်လို့ အလွန်အောင်မြင်တဲ့ အသစ်တီထွင်မှု ဖြစ်တယ်။ ဒေါ်လာ သန်းထောင်ကျော် စီးပွါးရေးလဲ ဖြစ်ပါတယ်။

ဆေးတိုင်းမှာ ဆေးနာမယ်နဲ့ အရောင်းအဝယ်လုပ်ဘို့ပေးတဲ့ နာမယ်ဆိုပြီး နှစ်မျိုးရှိရာမှာ Viagra က Generic နာမယ်ပါ။ တခြားနာမယ်တွေ Caverta, Sildenafil citrate, Revatio စသဖြင့် ရှိသေးတယ်။ Viagra ကို တင်စားခေါ်တာတွေလဲ ရှိတယ်။ Vitamin V, Mo Mojo, Woodmaker, The pill for men, Soft Tabs, Blue Pill စသဖြင့်။ Kamagra ကလဲ တရားဝင်အရောင်းနာမည် ဖြစ်လာတယ်။

Sildenafil citrate ဆေးဟာ Pfizer Company ရဲ့ Generic Viagra ဆိုပြီးပေးတဲ့ မူပိုင်ဖြစ်လို့ နောက်လူတွေ ဒီနာမယ် အတိုင်း ရောင်းလို့မရပါ။ Herbal Viagra, Natural Viagra ဆိုတာတွေက အတုလို့ ပြောနိုင်တယ်။ (အွန်လိုင်း) ကနေ ဝယ်ခြင်ရင် သတိထားပေးတာထဲမှာ အဆိုးဆုံးက တရုပ်ကုမ္ပဏီ ဖြစ်တယ်လို့ ဆိုတယ်။ ဆေးကို စစ်ကြည့်တော့ Sildenafil citrate မပါဘူးတဲ့။

ဆေးသောက်လိုက်ရင် PDE5 (အင်ဇိုင်း) ကို တားဆီးပေးတယ်။ ကြွက်သားနုတွေကို ပြော့စေပြီး၊ ကျားအင်္ဂါမှာ သွေးပိုလျှောက်လာစေတယ်။ ရလဒ်အဖြစ် လိင်အင်္ဂါသန်မာလာစေတယ်။ အသုံးမပြုခင် နာရီဝက် ကြိုသောက်ရပြီး၊ အစွမ်းက ၄-၆ နာရီအထိ ရှိတယ်။ လက်တွေ့ သုံးသူတွေ ပြောတာက ဆေးသောက်ပြီး၊ ၁ နာရီနဲ့ ၂ နာရီအတွင်း အစွမ်းထက်ဆုံးဘဲတဲ့။ 25, 50, 100 mg အနေနဲ့ ရောင်းပါတယ်။ 50 mg က အများဆုံးသုံးတဲ့ စံဖြစ်ပါတယ်။ စသုံးသူတွေကို 50 mg ဘဲ သောက်ရတယ်။ အသက်ကြီးတိုင်း များရတာမဟုတ်ပါ။ ၆၅ နှစ် ကျော်သူ၊ ကျောက်ကပ်၊ အသည်းချို့ယွင်းနေသူတွေကို 25 mg သာ ပေးပါတယ်။

တခါသောက်ရင် 100 mg ထက် မကျော်နဲ့။ ၂၄ နာရီအတွင်း တခြားသတ္တိတူရှိတဲ့ Tadalafil (Cialis), Vardenafil (Levitra) ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဒါတွေကလဲ Phosphodiesterase inhibitor ဆေးတွေဘဲ။ များသွားရင် Priapism လို့ ခေါ်တဲ့ တောင့်တင်းနေတဲ့ လိင်အင်္ဂါကပြန်မကျတာ အန္တရာယ်ရှိနိုင်ပါတယ်။

သာမန်ဘေးထွက်ဆိုးကျိုးတွေသာ ရှိပါတယ်။ မျက်နှာနီမြန်း၊ ခေါင်းကိုက်၊ နှာစေးသလိုဖြစ်၊ အစာမကျေ၊ ပျို့ချင်တာ ဖြစ်တတ်တယ်။ အလင်းရောင်ကြည့်တာ နဲနဲထိခိုက်တတ်တယ်။ ခဏပါ။ နှလုံးရောဂါ အခံရှိသူတွေအတွက် မသင့်ပါ။ နှလုံး သွေးကြောကျဉ်း ရောဂါဆေး၊ Nitrostat, Nitrolingual, Nitro-Dur, Nitro-Bid, Isosorbide တွေနဲ့အတူ မသောက်ရပါ။ အရက်က Viagra ဆေးစွမ်းကို ယာယီနည်းစေတယ်။ ဆေးကို အစာမရှိချိန်သောက်ရင် မြန်တယ်။ အစာမှာ အဆီများရင် သတ္တိပြတာနှေးမယ်။ HIV နဲ့ အသဲရောင် စီ ရှိနေသူတွေကိုပေးတဲ့ Protease inhibitors ဆေး ပေးနေရင် ဂရုစိုက်ရတယ်။

Viagra 50mg ၁ဝ လုံးကို $19.95 ဒေါ်လာ၊ 100 mg ၁ဝ လုံးကို $29.95 ဒေါ်လာ၊ 150 mg ၁ဝ လုံးကို $39.95 ဒေါ်လာ ဈေး ရှိတယ်။ Viagra နဲ့ တူတဲ့ Revatio 20 mg Tablets နဲ့ ထိုးဆေး Injection 10 mg per 12.5 mL ဖြစ်တယ်။

Kamagra tablet ဆိုတာ Sildenafil Citrate ပါတာပါဘဲ။ ၁ နာရီ ကြိုသောက်ရမယ်။ ၄ နာရီအထိ ခံတယ်။ အသက် သိပ်မကြီးသေးရင် 50 mg သောက်ပါ။ ၆၅ နှစ်ကျော်ရင် 25 mg သာ သောက်ပါ။ တနေ့ထဲမှာ 100 mg ထက် မများစေနဲ့။ 12 လုံးကို $40 ဒေါ်လာ၊ 100 လုံးကို $130 ဒေါ်လာ (အွန်လိုင်း) မှာ ကြော်ညာတယ်။ စားဆေးအပြင် Kamagra Oral Jelly လဲလာတယ်။ အနံ့ပါ ထည့်ထားသေးတယ်။ သရက်သီး၊ ချော့ကလက်၊ ငှက်ပျေားသီး၊ စထောဘယ်ရီ၊ ဗနီလာ၊ အနံ့တွေပါတယ်။ မိနစ် ၂ဝ ဆိုရင် အစွမ်းပြတယ်။ ၅ ထုပ်ကို $35 ဒေါ်လာ၊ 10 ထုပ်ကို $40 ဒေါ်လာ။

Tadalis SX ဆေးကတော့ ၃၆ နာရီအထိ ကြာကြာ အစွမ်းပြတယ်ဆိုတယ်။ 20 mg ၁ဝ လုံးကို $59 ဒေါ်လာ ပေးရတယ်။ ဈေးချိုတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ Apcalis, Caverta, Forzest, Levitra, Lovegra, Silagra, Slimona, Tadacip, Womenra, Xenical, Zenegra စတာတွေ ဖြစ်တယ်။ အိန္ဒိယမှာ Vigora ဆေးကို သုံးကြပါတယ်။ 100 mg လေးလုံးတကပ်ကို ရူးပီး ၁ဝဝ ပေးရတယ်။ အနီရောင်ဆေးလုံးပါ။ 50 mg က မီးခိုးပြာရောင်၊ စိန်ပွင့်ပုံ၊ အသဲပုံလာတယ်။

Impotency ပန်းသေပန်းညှိုးဆိုတာ အများဆုံးက စိတ်ပိုင်းချို့ယွင်းချက်တခုခု ရှိလို့ပါ။ စိတ်ဖိအားများ၊ အားကုန်၊ စိုးရိမ်စိတ်ကဲ၊ စိတ်ကျ။ ဒီလိုဖြစ်ရသူတွေအတွက် ၉ဝ% ထိရောက်ပြီး၊ တခြားအကြောင်းနဲ့ ဖြစ်သူတွေမှာ ၇ဝ-၈ဝ% ထိရောက်ပါတယ်။ စာတွေရေးထားပါတယ်။

Veetab ကတော့ မြန်မာပြည်မှာရတဲ့ Sildenafil ဆေးဖြစ်တယ်လို့ သိရပါတယ်။ Veetab and Kamagra အကြောင်း FDA သတိပေးချက်မှာ ဒီလိုရေးထားပါတယ်။ ကလေးတွေနဲ့ အမျိုးသမီးများ မသောက်ရ။ Erythromycin, Ketoconazole, Itraconazole ဆေးတွေနဲ့ တွဲရင် သွေးထဲဆေးပိုများစေမယ်။ နှလုံးသွေးကြောကျဉ်း ဆေးတွေနဲ့ တွဲမသောက်ရ။ ၁ နာရီ ကြိုသောက်ရင် အကောင်းဆုံးဖြစ်တယ်။ တနေ့ ၁ ခါထက် ပိုမသောက်ရပါ။

Viagra အစားသုံးနိုင်တဲ့တခြားဆေးတွေလည်းရှိတယ်။
၁။ Cialis
Cialis ဆေးဟာ PDE-5 inhibitor အမျိုးအစားဖြစ်တယ်။ ဗိုင်ယာဂရာလိုသဘောဖြစ်တယ်။ လိုတဲ့အချိနှ်မတိုင်မီ နာရီဝက်၊ တနာရီကြိုသောက်ရတယ်။ နေ့စဉ်လည်း 2.5mg to 5mg သောက်လို့ရတယ်။ ဆေးတခါသောက်ထားရင် ၃၆ နာရီအထိခံတာကထူးခြားတယ်။

၂။ Levitra
ဒီဆေးကလည်း PDE-5 inhibitor အမျိုးအစားပဲဖြစ်တယ်။ လိုတဲ့အချိနှ်မတိုင်မီ နာရီဝက်၊ တနာရီကြိုသောက်ရတယ်။ ၄-၆ နာရီအထိခံတယ်။ ဆီးချိုရှိနေသူတွေလည်းသောက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး