ယောမြို့ကပြန်ခဲ့တယ် ဆေးဝါးတော့သူနားမလည်

စာဆိုတာ ရေးတာရော ရိုက်တာရော ပုံနှိပ်တာမှာပါ အရေးကြီးတယ်။

မြန်မာကဗျာလက်ရွေးစင်၊ ဒသမတန်းစာအုပ်မှာ နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ၊ သမီးနှင့်သား၊ များလို့မဝင်သာ၊ ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်၊ သူ့ထက်ငါလေ၊ စားတော့မည်စေ၊ စားပေသာလှအုန်းခွက်ကယ်နှင့်လေးလို့ ရိုက်ထားတယ်။ လွဲနေတယ်။ စပေသာလှ အုန်းခွက်ကယ်နှင့်လေးလို့က မှန်တယ်။

တတွေကို မလိုအပ်ပဲ တစ်လုပ်တာတော့ ဘယ်အစိုးရမှ ပြောမရ။

၂ဝ၁၁ မေလထုတ်မှာ ၁၉၃၇ ဒဂုံမဂ္ဂဇင်းမှာ သန်းထွန်းကလောင်အမည်နဲ့ မြန်မာရာဇဝင် လမ်းကွေ့လမ်းကောက်မှာ ပဒေသရာဇာ ရေးထန်းတက်သမား အကြောင်း လို့ရိုက်ထားတယ်။ ရေး နဲ့ ထန်းကိုဆက်ရိုက်ထားတယ်။ ရေးမြို့က ထန်းတက်သမားလို့ ထင်ကြလိမ့်မယ်။

ကင်းဝန်မင်းကြီးနှင့် သံအဖွဲ့ဝင်များသည် လန်ဒန်တွင် အင်္ဂလိပ် ဧကရီ ဝိတိုရိယ ဘုရင်မင်းကြီးထံသို့ ဝင်၍လို့ စာရိုက်ထားတယ်။ ဝိတိုရိယဘုရင်မကြီးသာရှိပါတယ်။ ဘုရင်မင်းကြီးလို့ မရှိပါ။ အင်္ဂလန်နိုင်ငံက ယော့ခ်မြို့ကို မြန်မာမှု အတင်းအဓမ္မပြုလိုက်တာ Duke of York အက်ဒ်ဝပ်မင်းသားဟာ ယောမြို့စား ဖြစ်သွားပါတော့တယ်။

ခုခေတ်မြန်မာစာရေးကြတာ ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်၊ ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။ (ကန်တော့)

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၆
၂၃-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး