အဲတာ နဲ့ အဲဒါ

သတ်ပုံစာအုပ်ဟောင်းတွေမှာ အဲတာလည်းမပါ။ အဲဒါလည်းမပါ။ အဲ့တာလည်းမပါ။

အဲဒီဟာကို အဲဟာလို့ပြောကြတယ်။ ဟာဆိုတာ မရေတာတခုခု။ တာက သေချာတယ်။ အဲတာက စာဆန်တယ်။ အဲဒါက စကားပြောဆန်တယ်။ အဲ့လို့ရေးရင် အောက်မြင့်က ၏သဘောဖြစ်တယ်။ အဓိပ္ပါယ်ကတော့ ဆိုးတယ်။ အညစ်အကြေးကို အဲ့အဲ့လို့သုံးပါတယ်။ ကလေးငယ်လေးတွေကို မထိမကိုင်စေချင်ရင် အဲ့အဲ့တွေလို့ ပြောကြတယ်။

အဲကို စကားအရာမှာ ဤ ၎င်း ယင်း အနှီ ထို သဘောသုံးတယ်။ ပြောပြီးသားအရာ၊ မေးခွန်းထဲပါတာကို ဆိုလိုတယ်။

အဲ
အဲခိုး = အားထုတ်သည်
အဲချင်း
အဲဗျာ
အဲမွန်တရာ
အဲမွန်ဒယာ
အဲမောင်း = လှံရှည်

အဲ့
အသံအဲ့သည်
အဲ့တဲ့တဲ့နေသည်
အဲ့တဲ့တဲ့နံသည်
အဲ့အဲ့ = ရွံစရာ

အယ်
တအယ်အယ်ငိုသည်
မိုင်းအယ်ရွာ
ဝမ်းအယ်နေသည်
သစ်အယ်သီး

ဒါ
ဒါနပြုသည်
ဒါယကာ
ဒါယိကာမ
ဒါသ = ကာလီဒါသ
ဒါနောရက္ခိုသ်

တာ
ကိုက်တာ
ညှာညှာတာတာ
တတာ နှစ်တာ (ခုနစ်တောင် = တတာ)
တာပတ်ကွင်း
တာလမ်း
တာဝတိင်္သာ = နတ် ၃၃ ပါးတို့၏နေရာ
တာဝန်ဝတ္တရား
တာတေလံ
တီတီတာတာ
နီတာတာ
မြူတာအိုး
သင်္ကြန်အတာ (သင်္ကြာန်အတာ)
သူ့တာ ကိုယ့်တာ
အတာကူးပြောင်း
ချွေတာရေး
ရေကာတာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ