Rhabdomyosarcoma ရက်ဘဒိုမိုင်ယိုဆာကိုးမား

ဆရာခင်များ ကျေးဇုးပြု၍ ရှင်းပြပေးစေလိုပါသည်။ ကျွန်တော်၏ ယေက္ခမဖြစ်သူသည် အသက် (၇၁)နှစ်ရှိသော အမျိုးသားဖြစ်ပြီး 5.8.2017 ရက်နေ့တွင် ပုဂ္ဂလိကဆေးရုံတခုတွင် လည်ပင်းတွင် အကျိတ် ဖြစ်ပေါ်သဖြင့် ခွဲစိတ်ခဲ့ပါသည်။ ခွဲစိတ်ပြီးနောက် ဓါတ်ခွဲခန်း အဖြေရရှိသော အချိန်တွင် အောက်တွင် (ဓါတ်ပုံပါ ) ဆေးစစ်ချက် ရလဒ် ရရှိပြီး ရောဂါ အခြေအနေအားရှင်းပြကာ ထပ်မံခွဲစိတ်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ သိရှိလိုသည်မှာ ဆေးစစ်ချက်ရလဒ် ပါ Plcomorphic rhabdomyosarcoma ဟုဖော်ပြသဖြင့် ရောဂါ အမျိုးအမည်နှင့် ရောဂါဆိုင်ရာ အချက်အလက်များကို ရှင်းပြပေးစေလိုသည်။

Sarcomas ဆာကိုးမားဆိုတာ ကင်ဆာ။ တွယ်ဆက်တစ်ရှူးတွေကနေဖြစ်တယ်။ ကြွက်သား၊ အဆီ၊ အရိုး၊ အဆစ်ဖုံးလွှာ၊ သွေးကြော။ အမျိုးအစားတွေများတယ်။ Rhabdomyosarcoma (RMS) ဆိုတာ ကြွက်သားကနေ ဖြစ်တယ်။ ဦးခေါင်းနဲ့ လည်ပင်းမှာ အဖြစ်များတယ်။ ဆီးလမ်းနဲ့ မျိုးပွါးလမ်းမှာလည်းဖြစ်တယ်။

Embryonal rhabdomyosarcoma အမျိုးအစားနဲ့ Alveolar rhabdomyosarcoma အမျိုးအစားရှိတယ်။ ကလေးရော လူကြီးပါဖြစ်တယ်။

ခွဲစိတ်ကုသမှုလုပ်တယ်။ ဘယ်လောက်အထိခွဲထုတ်နိုင်မလဲအပေါ် ကုသမှုနဲ့ အလေားအလာမူတည်တယ်။ ခီမိုသာရာပီ ခေါ် ကင်ဆာဆေးလည်းပေးတယ်။ ရေဒီယေးရှင်း ခေါ် ဓါတ်ကင်နည်းလည်းလုပ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး