ဒီချောင်း သံဝေဂ

၁၀-၂-၂၀၁၉ နေ့မှာ ဆရာမင်းသုဝဏ်မွေးနေ့ ၁၀၀ ပြည့်ပါတယ်။

သူ့မှာတမ်း

သူတို့အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။
အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
အမောင်ပြောက်ကျား၊ မိဖအားကို
ဘာများ မှာခဲ့လိုသနည်း။
မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။
အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့လိုသနည်း။
ခရီးမတ်တပ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။
ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။

ဆရာမင်းသုဝဏ် ရေးသားသီကုံးခဲ့တဲ့ကဗျာတွေမှာ တတွေကို မလိုအပ်ဘဲ တစ်လုပ်မထားပါ။

၁၉၉၀ ခုနှစ် အင်နယ်လ်ဒီပါတီရဲ့ ဂန္ဒီအစည်းအဝေးမှာ ဆရာကရှေ့ဆုံးတန်းမှာထိုင်တယ်။ ကျွန်တော်တို့ အမတ်လူရွယ်တွေက နောက်မှာ။ ဆရာ့စာတွေနဲ့ကြီးပြင်းလာ လူလားမြောက်လာခဲ့လို့ အလွန်မတန် လေးစားပါတယ်။ နှစ်ဘယ်လောက်ကြာကြာ ဆရာ့ကဗျာတွေစာတွေကို သတ်ပုံအတုတွေနဲ့ ပြင်မရေးပါ။ အခုတော့ဆရာ့

အမောင်ပြောက်ကျား၊ ကဗျာစာရေးသူများကို ဘာများ မှာခဲ့လိုသနည်း။

ခရီးမတ်တပ်၊ လမ်းခုလတ်တွင် သတ်ပုံမှန်အောင် ရေးပါလေ။

ဗေဒါဂုဏ်ညှိုး၊ ချုံတောတိုးသည်၊ တန်ခိုးပျောက်ကို လွမ်းလျက်တည်း။ (ဒီချောင်း သံဝေဂ)

ဒေါက်တာတင့်ဆွေ
၁၁-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး