Century Review နှစ်တရာ ဆန်းစစ်

ပြည်တွင်းစစ်နဲ့စ၊ အစိုးရဇာတာတွေ တချို့က ၁၄ နှစ်ရှည်၊ တချို့က ၂၆ နှစ်ပေ၊ တချို့က ၂၂ နှစ်နေ။

အရင်ကပညာရေး အရှေ့တောင်အာရှ ထိပ်ကနေ၊ အခုဘိတ်ကျနေ၊ အလားအလာ မမြင်ရသေးချေ။

ကျန်းမာရေးက နာတာရှည်၊ ဗမာဗိန္ဓောကနေ အိန္ဒိယကဆရာဝန်တွေ၊ အခုတော့ ဗူးသီးကြော်စာဆိုင်းဘုတ်တွေ။

စိုက်ပျိုးရေးမှာ လယ်သိမ်းယာသိမ်းတာ အရင်က ချစ်တီးတစိမ်းတွေ၊ နောက်မှာ ချစ်တီးအစိမ်းတွေ။

ကြွယ်ဝမှုမှာ အရင်က နှမ်းဆီနဲ့ မြေပဲဆီ၊ နောက်တော့ ကြက်ဆူဆီနဲ့ စားအုန်းဆီ။ အရင်က အာရှဆန်အိုးဘဝကနေ အခုတော့ နတ်အိုးကွဲဘဝရောက်နေ။

ဘာသာရေးမှာ ဆဋ္ဌသင်္ဂါယနာတင်နိုင်ခဲ့ရာကနေ၊ အခုတော့ အမုန်းတရားဟောကြားသူကို ဆရာတော်လို့ ဆက်ခေါ်နေ။

နိုင်ငံရေး နိုးကြားရာကနေ၊ မှိုင်းတိုက်ခံရပြီးသကာလ အိပ်ဆေးပေးခံဘဝကနေ မနိုးတဝက်နိုးတဝက်သာရှိသေးပေ။

ဂုဏ်သိက္ခာ အခုအခါ မြန်မာဆိုတာနဲ့ ခေါင်းခါ၊ မျက်နှာပေးပြောင်း၊ သူတောင်းစားပတ်စ်ပို့လို့ ထင်မှတ်ခံရဆဲဖြစ်ပေ။

အရင်က သနပ်ခါးလေးနဲ့ နန်းဆန်ယဉ်ကျေးရာကနေ အခုတော့ ကြော်ငြာဆေးနဲ့ ဗိုလ်ချုပ်သတိပေးခဲ့တဲ့ဘဝရောက်နေ။

ဒေါက်တာတင့်ဆွေ
၁ဝ-၂-၂ဝ၁၇
၁ဝ-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး